ပြည်တွင်းကုန်စည်ပြပွဲအတွက် OGL လိုင်စင် လျှောက်ထားလိုပါက


OGL (Open General License)လျှောက်ထားလိုပါကလိုအပ်သည့်အချက်များ
၁။ ပြသမည့်ပစ္စည်းဈေးနှုန်းနှင့် ရောင်း၊ ပြန်သယ်၊ လက်ဆောင်ပေး၊ လှူဒါန်း Invoice တွင် မှတ်ချက်ပါရမည်
၂။  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြပွဲကျင်းပခွင့်ပြုကြောင်းစာ(မိတ္တူ)
၃။ ပြခန်းနေရာငှားရမ်းပြီးစီးမှုစာ(မိတ္တူ)

၄။ ပြပွဲပြီးပါကရက်သတ္တပတ်(၁)ပတ်မတိုင်မီပြပွဲခင်းကျင်းပြသမှုဓါတ်ပုံမှတ်တမ်း၊ အကောက်ခွန် ဌာနတွင် ပြပွဲတွင်ရောင်းချသည့် ပစ္စည်းများအတွက်၊ အခွန်ဆောင်ပြီးစီးမှုမှတ်တမ်းတင်ပြ ရပါမည်။
 (ကျင်းပတောင်းခံသူသည် ပြပွဲအစမှအဆုံးအခွန်ဆောင်လုပ်ငန်းပြီးစီးသည်အထိတာဝန်ယူရပါမည်။ ဌာနမှကန့်သတ်ထားသောပစ္စည်းများပြသခွင့်မရှိပါ။)

v   အသေးစိတ်သိရှိလိုပါက
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊
ဖုန်း၀၆၇၃၄၀၈၆၀၈၊ ၀၆၇ ၃၄၀၈၆၂၂    
Email:moctradefair@gmail.comတို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။



 ပြည်ပကုန်စည်ပြပွဲအတွက် OGL လိုင်စင် လျှောက်ထားလိုပါက


ပြည်ပကုန်စည်ပြပွဲသို့ သွားရောက်ပြသခွင့်ရယူရန် လုပ်ငန်းစဉ်များ
၁။      ပြည်ပကုန်စည်ပြပွဲသို့ သွားရောက်ပြသခွင့်ရယူရန် အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည် -
       (က)  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်သို့လိပ်မူ၍ ကုန်စည်ပြပွဲသွားရောက် ပြသခွင့်ပြုပါရန် တင်ပြစာကိုပြပွဲကျင်းပရက်မတိုင်မီအနည်းဆုံး(၁)လခန့် ကြိုတင်၍ တင်ပြလျှောက်ထားရမည်။ တင်ပြစာနှင့်အတူ ပြပွဲနှင့်သက်ဆိုင်သော အောက်ပါ အချက်များပါရှိရမည် -
          (၁)     ပြည်ပနိုင်ငံမှ ကုန်စည်ပြပွဲပြသရန် ဖိတ်ကြားစာ
          (၂)     ပြသမည့် ကုန်ပစ္စည်းအမျိုးအစား
          (၃)     ပြသမည့် ကုန်ပစ္စည်းများအရေအတွက်၊ ဈေးနှုန်း၊ တန်ဖိုး၊ Invoices မူရင်း
(၄) ပြသမည့်ကုန်ပစ္စည်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြု ထောက်ခံချက်၊ လိုအပ်သောပစ္စည်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ပစ္စည်းအမျိုးအစားမှန်ကန်မှု၊ အလေးချိန်မှန်ကန်မှု၊ ဈေးနှုန်းတန်ဖိုး မှန်ကန်ကြောင်း ထောက်ခံချက်မူရင်း
(၅)    ပြပွဲသို့တင်ပို့ရန် တာဝန်ပေးအပ်ထားသည့် ဆိပ်ကမ်းရှင်းလင်းရေး/ အကောက် ခွန်ရှင်းလင်းရေးကိုယ်စားလှယ်အမည်၊ ကုမ္ပဏီအမည်နှင့် လွှဲအပ်စာမူရင်း

ပြသသောပစ္စည်းများအားတင်ပို့ခြင်း
၂။    ပြသသောပစ္စည်းများပြပွဲသို့ မသွားရောက်မီအကောက်ခွန်ဦးစီးဌာန၊ ပစ္စည်းနှင့် သက်ဆိုင်သည့် အစိုးရဌာနများ(မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)နှင့် ပစ္စည်းပိုင်ရှင်တို့မှပူးတွဲ စစ်ဆေးပြီးမှသာ ပို့ကုန်လိုင်စင်လျှောက်ထားရန် မလိုပဲအထွေထွေခွင့်ပြုမိန်(Open General License-OGL)ဖြင့် တင်ပို့ခွင့်ပြုသည်။

v အသေးစိတ်သိရှိလိုပါက
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊
ဖုန်း ၀၆၇ ၃၄၀၈၆၀၈၊ ၀၆၇ ၃၄၀၈၆၂၂  
Emailmoctradefair@gmail.comတို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">