4.2.21

 

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Animal and Plant Quarantine of the General Administration of Customs of China-GACC) ၏သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသုံးနိုင်သည့်ရေထွက်သတ္တဝါများ (Edible Aquatic Animals) တင်ပို့ရာတွင် ကျန်းမာရေးသက်သေခံ လက်မှတ် (Health Certificate)ကို မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် GACC မှသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများဖြစ်သည့် စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်း၊ ကျန်းမာရေး သက်သေခံ လက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ကျန်းမာရေး သက်သေခံ လက်မှတ်အား သက်ဆိုင်ရာဝန်ကြီးဌာနတွင် ထုတ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက် နိုင်ကြောင်း သတင်းရရှိပါသည်။

သတင်းအရင်းအမြစ်။ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့

                                                                                                       ဥမ္မာကြူ(MITC)

27.1.21

 

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (MITC)အနေဖြင့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် Business Visa ထောက်ခံချက် ထုတ်ပေးမှုကို MITC စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ တာဝန်ယူ ဆောင်ရွက် ခဲ့ပါသည်။ Onilne Visa Extension အတွက် Online Applicationကို  (၂၆.၁.၂၀၂၀) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး UMFCCI နှင့် ကုန်သည်လုပ်ငန်းရှင်(၈၀)ဦးခန့် တက်ရောက် ခဲ့ပါသည်။ ထို့နောက်စမ်းသပ်ကာလအနေဖြင့် တစ်လကို လျှောက်ထားသူများအလေ့အကျင့် ရရှိစေရန် ဆောင်ရွက်ခဲ့ပြီး (၁.၃.၂၀၂၀) ရက်နေ့တွင်  လျှောက်ထားမှုအားလုံးကို  Online မှ စတင်လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

16.1.21

 

      မြန်မာနိုင်ငံနှင့် စက္ာပူနိုင်ငံအကြားကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒါ်လာ သန်းပေါင်း ၃၈၀၀ ကျော်‌သို့ရောက်ရှိခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ‌ေကျာ် သာရှိခဲ့သည်။ စက္ာပူနိုင်ငံသည် မြန်မာနိုင်ငံ တွင်ရင်းနှီးမြှပ်နှံမှု အများဆံုးနိုင်ငံတစ်ခုလည်း ဖြစ်သည်။ 

15.1.21

 


       ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ် လ ၁၂ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပပြုလုပ်မည့် Food Expo 2021ကို မြန်မာနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများမှ ပါဝင်ပြသနိုင်ရန် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့  ဟောင်ကောင် ကုန်သွယ်ဖွံ့ဖြိုး တိုးတက်ရေး ကောင်စီမှ ဖိတ်ကြားစာ ပေးပို့လာပါသည်။

14.1.21

 COVID-19 ကာလအတွင်း မြန်မာ-တရုတ်ကုန်သွယ်မှုများ ရပ်တန့်မှုမရှိစေရေးနှင့် မြန်မာနိုင်ငံဘက်ရှိ ပို့ကုန်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ သံတမန်နည်းလမ်းများအရလည်းကောင်း၊ ဒေသအဆင့်တာဝန်ရှိသူများမှလည်း နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ခဲ့မှုများကြောင့် မြန်မာ့ပို့ကုန်ယာဉ်များ ပိုမိုဝင် ရောက်နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ မန့်ဝိန်းဂိတ်ပေါက်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက် နေ့မှစ၍ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ (၂၄) နာရီ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါသည်။

 ယခင် မန်ဝိန်းဂိတ် (၂၄)နာရီမဖွင့်မီ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အတွင်းသို့ ဝင်ရောက်ရန် ယာဉ်စီးရေ (၅၀၀)ခန့် တန်းစီစောင့်ဆိုင်းရသဖြင့် (၄)ရက်ခန့်နှင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် အတွင်းမှ စစ်ဆေးပြီးသည့်ယာဉ် (၃၀၀)ခန့်ရှိပြီး တန်းစီစောင့်ဆိုင်းရသည့်အတွက်  ဇုန်အတွင်း (၄)ရက်ခန့်၊ စုစုပေါင်း (၈) ရက်ခန့် ကြာမြင့်ခဲ့ရာမှ ယခုအခါ ၎င်းကြာမြင့်ချိန်များ ကျော်လွန်နိုင်ပြီဖြစ်ပြီး (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မန်ဝိန်းထိ စောင့်ဆိုင်းကြာမြင့်ချိန် (၂)ရက်ခန့်သာ ကြာမြင့်တော့မည် ဖြစ်၍ စောင့်ဆိုင်းချိန်များအား လျော့ချနိုင်ပြီးဖြစ်ပါသည်။

 ၂၀၂၁ ခုနှစ် ဇန်နဝါရီလ  ၀၈ ရက်နေ့ ၁၁၃၀ အချိန်မှစ၍ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မရောက်မီတန်းစီစောင့်ဆိုင်းရသည့် ပို့ကုန် ကားအစီးရေလက်ကျန် ကျန်ရှိခြင်း မရှိတော့ဘဲ ရန်ကုန်၊ မန္တလေးတို့မှလာသော ပို့ကုန်ယာဉ်များအနေဖြင့် ကုန်သွယ်ရေးဇုန်ဝန်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက် စစ်ဆေးခဲ့ နိုင်ပြီးဖြစ်ပါသည်။

 အလားတူ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နှင့် မန့်ဝိန်းဂိတ်ကြားတွင်လည်း ယခင်ကဲ့သို့ ရက်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ ပို့ကုန်ယာဉ်များအားလုံး  (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်အတွင်း ယာဉ်အစစ်ဆေးခံပြီးသည်နှင့် တပြိုင်နက် မန့်ဝိန်းဂိတ်သို့ အချိန်ပိုင်းအတွင်း သွားရောက် နိုင်တော့ မည်ဖြစ်၍ ပို့ကုန်ယာဉ်ကြောကြပ်တည်းမှုများ လျော့နည်းကျဆင်းခဲ့ပါသည်။

 ယာဉ်ကြောကြပ်တည်းမှုများ ဖြေလျှော့သွားပြီဖြစ်၍ အထူးသဖြင့် ကုန်တင်ကားခများမှာ ကျဆင်းခဲ့ပြီး ကုန်သွယ်မှုပိုမိုသွက်လက်လာစေခြင်းနှင့် စားသုံးသူ ပြည်သူများအတွက် ပိုမို အကျိုးရှိ စေနိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါသည်။

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်

12.1.21

 

    စင်္ကာပူနိုင်ငံ၏ လတ်ဆတ်သောသစ်သီးဝလံများ စားသုံးမှုသည် တစ်နှစ်လျှင်တန်ချိန် ၄ သိန်းကျော် ရှိပြီး ၂၀၁၉ခုနှစ်တွင် လတ်ဆတ်သော သစ်သီး၀လံ တန်ချိန်ပေါင် ၄၂၈,၈၆၉ (စင်္ကာပူဒေါ်လာ၇၁၈သန်း)ကို တင်သွင်းခဲ့ပြီး၊ အဆိုပါတင်သွင်းမှု၏ ၅ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ ပြန်လည် တင်ပို့ ခဲ့ပါသည်။

10.1.21

 

    ကိုဗစ်ကပ်ရောဂါကာလအတွင်း ပင်လယ်ရေကြောင်းမှ ပို့ကုန်တိုးမြှင့်တင်ပို့လာသောကြောင့် ကုန်သေတ္တာ သယ်ယူ ပို့ဆောင်စရိတ်များ တရိပ်ရိပ်မြင့်တက်လာမှုအခြေအနေနှင့် ပတ်သက်၍ နည်းလမ်းရှာဖွေနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ကုန် သေတ္တာအခွံလွတ် လိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်ရန် အတွက် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စီးပွားရေးသံမှူးမှ စင်ကာပူနိုင်ငံရှိ PHEE Group of Companies သို့ ဆက်သွယ်ညှိနှိုင်းခဲ့ရာ PHEE Group of Companies သည် ကုန်သေတ္တာအခွံ လိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရပါသည်။

7.1.21

 

        ဂျပန်နိုင်ငံ၊ Osaka မြို့တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက် နေ့အထိ “World Exposition 2025” ပြပွဲကို ()လကြာ ကျင်းပပြုလုပ် သွားမည် ဖြစ်ရာ ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်နိုင်ရန် ရန်ကုန်မြို့ရှိ ဂျပန်နိုင်ငံသံရုံးမှ ဖိတ်ကြားလာ ပါသည်။

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">