10.1.21

 

    ကိုဗစ်ကပ်ရောဂါကာလအတွင်း ပင်လယ်ရေကြောင်းမှ ပို့ကုန်တိုးမြှင့်တင်ပို့လာသောကြောင့် ကုန်သေတ္တာ သယ်ယူ ပို့ဆောင်စရိတ်များ တရိပ်ရိပ်မြင့်တက်လာမှုအခြေအနေနှင့် ပတ်သက်၍ နည်းလမ်းရှာဖွေနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ကုန် သေတ္တာအခွံလွတ် လိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်ရန် အတွက် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စီးပွားရေးသံမှူးမှ စင်ကာပူနိုင်ငံရှိ PHEE Group of Companies သို့ ဆက်သွယ်ညှိနှိုင်းခဲ့ရာ PHEE Group of Companies သည် ကုန်သေတ္တာအခွံ လိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရပါသည်။

 
    PHEE Group of Companies သည်  (၁၉၉၃)ခုနှစ်တွင် ရန်ကုန်၌စတင်တည်ထောင်ခဲ့ပြီး၊ Myanmar Five Star Lines အပါဝင် ကြီးမားသော သင်္ဘောကုမ္ပဏီကြီးများကို ကိုယ်စားပြုသည့် ရေကြောင်းကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထိုအချိန်မှစတင်၍ ဒဂုံဆိပ်ကမ်း၌  Freight Forwarding and Logistic လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံတိုးချဲ့ လုပ်ကိုင်ခဲ့ပါသည်။ ယနေ့အချိန်တွင် ကုမ္ပဏီအနေ၌ ဝန်ထမ်း ၂၆၀ ကျော် အလုပ် လုပ်ကိုင်လျက်ရှိပြီး၊ အခြားစီးပွားရေး ကဏ္ဍများကိုပါ ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ကုန်သွယ်မှုကို တိုးပွားစေခဲ့ပါသည်။ ဥရောပ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဩစတြေးလျ၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင် လည်းရုံးခွဲများ တည်ရှိပါသည်။
 

    PHEE Group of Companies နှင့်ဆက်သွယ်မေးမြန်းလိုပါက၎င်း၏(ရန်ကုန်) ရုံးခွဲဖြစ်သော OV Logistic (Myanmar) ကုမ္ပဏီမှ Ms. Khin Myint Myat (General Manager), Phone: + 951 254802/ 383531, Mobile: + 951 262397438, Email: kmmyat@ovlog.comသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

 

Source: စီးပွားရေးသံမှူး၊ မြန်မာသံရုံး(စင်ကာပူမြို့)

                                                                                                                   MITC News

 

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">