12.1.21

 

    စင်္ကာပူနိုင်ငံ၏ လတ်ဆတ်သောသစ်သီးဝလံများ စားသုံးမှုသည် တစ်နှစ်လျှင်တန်ချိန် ၄ သိန်းကျော် ရှိပြီး ၂၀၁၉ခုနှစ်တွင် လတ်ဆတ်သော သစ်သီး၀လံ တန်ချိန်ပေါင် ၄၂၈,၈၆၉ (စင်္ကာပူဒေါ်လာ၇၁၈သန်း)ကို တင်သွင်းခဲ့ပြီး၊ အဆိုပါတင်သွင်းမှု၏ ၅ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ ပြန်လည် တင်ပို့ ခဲ့ပါသည်။

    စင်္ကာပူနိုင်ငံ၏ သစ်သီး၀လံများတင်သွင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူကြီးကြပ်ကွပ်ကဲနေသော ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုဝန်ကြီးဌာန (Ministry of Substainability and the Environment)၊ ပတ်ဝန်းကျင်နှင့်ရေအရင်းအမြစ်ဝန်ကြီးဌာန (Ministry of the Environment and Water Resources) လက်အောက်ရှိ စင်္ကာပူစားသောက်ကုန်အေဂျင်စီ (Singapore Food Agency-SFA) သည် စင်္ကာပူနိုင်ငံသို့ လတ်ဆတ်သောသစ်သီး၀လံများ တင်သွင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍အပင်များထိန်းချုပ်ခြင်း အက်ဥပဒေ (The Control of Plants Act)၊ စားသောက်ကုန်ရောင်းချခြင်းအက်ဥပဒေ (Sale of Food Act-Chapter 283) နှင့်ယင်းအက်ဥပဒေများအရ ပြဌာန်းထားသောစည်းမျဉ်းများဖြင့် ထိန်းကျောင်းဆောင်ရွက်လျှက်ရှိပါသည်။ Joint FAO/WHO Codex Alimentarius Commission မှသတ်မှတ်ထားသည့် ပိုးသတ်ဆေးနှင့် အဆိပ်အတောက်ဖြစ်စေသော ဓာတုဆေးအကြွင်းအကျန်များပါဝင်မှု သတ်မှတ်ချက်ထက်ကျော်လွန်ပါက သစ်သီး၀လံများကို တင်သွင်းခွင့်မပြုပါကြောင်းနှင့် Singapore Food Agency-SFA သည် တင်သွင်းလာသော သစ်သီးဝလံများကို နမူနာဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်လေ့ရှိပါသည်။

            စင်္ကာပူနိုင်ငံသည်သစ်သီးဝလံများ တင်သွင်းခြင်းအတွက်အကောက်ခွန် (Custom Duty) စည်းကြပ် ကောက်ခံခြင်းနှင့် ခွဲတမ်း (Quota) စနစ်ကျင့်သုံးခြင်းမရှိသဖြင့် တင်သွင်းမှုအပေါ် ကုန်စည်နှင့်ဝန်ဆောင်မှု အခွန် (Goods and Services Tax - GST) ကိုဆိပ်ကမ်းရောက်တန်ဖိုး(CIF) ၏ ၇ ရာခိုင်နှုန်း ကောက်ခံလျှက်ရှိ ပါသည်။ တောင်အမေရိကတိုက်ရှိအပူပိုင်းနိုင်ငံ (၃၂) နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့မှ တင်သွင်းလာသော သစ်သီး၀လံများအတွက် အပင်ပိုးမွှားရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် တင်ပြရန်လိုအပ် ပါသည်။ ထုပ်ပိုးမှုစနစ်ဖြင့် စင်္ကာပူဈေးကွက်အတွင်းသို့ တိုက်ရိုက်ရောင်းချရန် တင်သွင်းခြင်းဖြစ်ပါက ထုတ်လုပ်သူ၏ အမည်နှင့်လိပ်စာ၊ ကုန်ပစ္စည်းအမျိုးအစားဖော်ပြချက်၊ တင်ပို့သည့်နေ့စွဲနှင့်ထုပ်ပိုးသည့်နေ့စွဲ တို့ကိုဖော်ပြရန် လိုအပ်ပါသည်။

            နိုင်ငံပေါင်း (၃၀) ကျော်တို့ မှထောပတ်သီးကို စင်္ကာပူနိုင်ငံသို့ တင်သွင်းလျှက်ရှိရာ ၂၀၁၉ခုနှစ်တွင် သြစတြေးလျနိုင်ငံသည် စင်္ကာပူနိုင်ငံသို့ တန်ချိန်၁၈၆၈ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၀၉၇ဖြင့် အမြင့်ဆုံးရရှိခဲ့ပါသည်။ သြစတြေးလျနိုင်ငံမှလွဲ၍ အခြားပြည်ပနိုင်ငံများသည် စင်္ကာပူနိုင်ငံသို့ ထောပတ်သီးကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်သွင်းလျှက်ရှိပါသည်။ ထောပတ်သီးကို ပင်လယ်ရေကြောင်းလိုင်းမှ ၉၅ရာခိုင်နှုန်းခန့်နှင့် လေကြောင်းလိုင်းမှ၅ရာခိုင်နှုန်းခန့် တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ တင်သွင်းလာသည့် လတ်ဆတ်သောသစ်သီး၀လံများကို အဓိကအားဖြင့်ပြည်တွင်း၌ တိုက်ရိုက် စားသုံးရန် ရောင်းချကြပါသည်။

            စင်္ကာပူနိုင်ငံရှိ စူပါမားကတ်လုပ်ငန်းအများစုသည် ပြည်ပမှတိုက်ရိုက် တင်သွင်းခြင်းထက် Importer များမှတစ်ဆင့် ဝယ်ယူရောင်းချပြီး ၎င်းတို့၏ဝယ်ယူရေး ကိုယ်စားလှယ်ရုံးများကို အဓိကတင်ပို့နေသည့် နိုင်ငံများတွင် ဖွင့်လှစ်ထားရှိပါသည်။ Importer များသည် ဆိုက်ရောက်လာသည့် ထောပတ်သီးများကို အအေးခန်းပါသော ကုန်တင်ယာဉ်များဖြင့် သယ်ယူ၍ Pasir Panjang လက်ကားရောင်းဝယ်ရေးစင်တာ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် အအေးခန်းသိုလှောင်ရုံများသို့ ပို့ဆောင်ကြပါသည်။ Pasir Panjang လက်ကားရောင်းဝယ်ရေးစင်တာသည် သစ်သီး၀လံနှင့် ဟင်းသီးဟင်းရွက်များကို လက်ကားဖြန့်ဖြူး ရောင်းချသော အဓိကဈေးကြီးဖြစ်ပါသည်။

      စင်္ကာပူနိုင်ငံတွင် သစ်သီး၀လံနှင့်ဟင်းသီးဟင်းရွက်များကို တင်သွင်း/တင်ပို့မှုပြုလုပ်သော အသင်းအဖွဲ့ () ခုမှာ Singapore Fruits & Vegetable Importers & Exporters Association နှင့် Singapore Tropical Fruit Importers & Exporters Association တို့ဖြစ်ပြီးပုဂ္ဂလိကကုမ္ပဏီမှာ Freshmart Singapore Pte Ltdဖြစ်ပါသည်။ စင်္ကာပူဈေးကွက်တွင် ဝယ်လိုအားများသောထောပတ်သီးမျိုးမှာ Hass မျိုးဖြစ်ပါသည်။

     စင်္ကာပူနိုင်ငံသည်စိုက်ပျိုးမြေရှားပါးမှုကြောင့် လတ်ဆတ်သည့် သစ်သီး၀လံများကို ပြည်ပမှ ၁၀၀ရာခိုင်နှုန်း ဝယ်ယူတင်သွင်းရသဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့သစ်သီး၀လံများ တင်ပို့ရောင်းချရန် စေျးကွက်ကောင်းတစ်ခုဖြစ်ပါသည်။ စင်္ကာပူဈေးကွက်သို့ ထိုးဖောက်ရာတွင်တင်သွင်းမှု ဆိုင်ရာစည်းမျဉ်း စည်းကမ်း အတားအဆီးများကြောင့် မဟုတ်ဘဲ မြန်မာထောပတ်သီးမျိုးအား ဈေးကွက် အကြိုက် မျိုးများစိုက်ပျိုးထုတ်လုပ်ပြီး စိုက်ပျိုးထုတ်လုပ်မှုမှတင်ပို့ရောင်းချသည်အထိ (Cold Chain) စနစ်ဖြင့် ဆောင်ရွက်ပြီး ထိရောက်သောယှဉ်ပြိုင်မှုဖြင့် ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သတင်းအရင်းအမြစ်။စီးပွားရေးသံမှူး၊မြန်မာသံရုံး၊စင်္ကာပူမြို့

                                                                                                                  ဥမ္မာကြူ(MITC)

                                                                                                    

 

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">