15.1.21

 


       ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ် လ ၁၂ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပပြုလုပ်မည့် Food Expo 2021ကို မြန်မာနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများမှ ပါဝင်ပြသနိုင်ရန် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့  ဟောင်ကောင် ကုန်သွယ်ဖွံ့ဖြိုး တိုးတက်ရေး ကောင်စီမှ ဖိတ်ကြားစာ ပေးပို့လာပါသည်။

          HKTDC Food Expo တွင်မြန်မာနိုင်ငံမှ စားသောက်ကုန်ပစ္စည်းများ တင်ပို့မှုကို မြှင့်တင်နိုင်ရန်၊ မြန်မာနိုင်ငံမှ အရည်အသွေးကောင်မွန်သော စားသောက်ကုန်များကို တရုတ်ပြည်မကြီး၊ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝယ်ယူသူများထံသို့ မိတ်ဆက် မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာမှဝယ်ယူသူများအကြား တိုက်ရိုက်ထိတွေ့ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ဖိတ်ကြားခြင်းဖြစ်ကြောင်းနှင့် ၎င်းပြခန်းအစု (Pavilion ) တစ်ခုတွင် အကျယ် (၉၀) စတုရန်းမီတာရှိပြီး ပြခန်းတစ်ခန်း လျှင် (၄.၅) စတုရန်းမီတာဖြင့် ကုမ္ပဏီပေါင်း (၂၀) ခု ပါဝင်ပြသနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါပြပွဲတွင် အစားအသောက်နှင့် အဖျော်ယမကာ ကုန်ပစ္စည်းများ၊ စားသောက် ကုန်ထုတ်ပိုးမှု၊ တံဆိပ်ကပ်ခြင်း၊ ဘေးကင်းလုံခြုံမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ အစားသောက်ကုန် ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းနှင့်ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟာလာအစား အစာနှင့် အဖျော်ယမကာကုန်ပစ္စည်းများတို့ ပါဝင်ပြသမည် တရုတ်ပြည်မကြီး၊ အိန္ဒိယ၊ အီရန်၊ ဂျပန်၊ ကာဇက်တန်၊ ကိုရီးယား၊ မက္ကစီကို၊ ပိုလန်၊ ဆော်ဒီအာရေဗီးယား၊ ထိုင်း၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ပါဝင်ပြသမည်ဖြစ် ကြောင်း သိရှိရပါသည်။


          COVID- 19 ကြောင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ပံ့ပိုးပေးသည့် Convention and Exhibition Industry Subsidy Scheme အစီအစဉ်အရ နိုင်ငံတကာနှင့် ဟောင်ကောင်ဒေသတွင်းမှ ပါဝင်ပြသလိုသည့် ကုမ္ပဏီအားလုံးအတွက် (၉) စတုရန်းမီတာ ကျင်ဝန်းသည့် ပြခန်းတစ်ခန်းလျှင် ပါဝင်ပြသခ၏ (၅၀)ရာခိုင်နှုန်း (သို့မဟုတ်) ဟောင်ကောင် ဒေါ်လာ (၁၀၀၀၀) နှင့် ညီမျှသည့် (အမေရိကန်ဒေါ်လာ ၁၂၈၁) ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ Trade Hall ပြခန်းမတွင် ပါဝင်ပြသသူများ အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ မှတ်ပုံတင်ထားသော ဝယ်ယူသူများ ဝယ်ယူလျှက်ရှိသည့် HKTDC Online Market place www.hktdc.com တွင် ကုန်ပစ္စည်းများကို တစ်နှစ်ကြာ ပြသပေးထားမည်ဖြစ်ပါသည်။ ပြခန်းအစုအဖွဲ့ ခေါင်းဆောင်အတွက် မြန်မာ - ဟောင်ကောင် အသွားအပြန်ချွေတာရေးတန်း  လေယာဉ် လက်မှတ်၊ သတ်မှတ်ထားသော ဟိုတယ်၌ (၃)ရက်တာတည်းခို နေထိုင်ခွင့်ထောက်ပံ့ပေး  မည်ဖြစ်ပါ သည်။

      Food Expo 2021 တွင် ပါဝင်ပြသရန် (၉.၃.၂၀၂၁) ရက်နေ့မတိုင်ခင် လျှောက်ထားနိုင်ပါက Subsidy ပံ့ပိုးပေးပြီးနောက် အကျယ် (၉၀) စတုရန်းမီတာရှိသည့် Standard Booth ပြခန်းစု တစ်ခု၏ ပြခန်းတစ်ခန်းလျှင် (၉) စတုရန်းမီတာဖြင့် ကုမ္ပဏီ (၁၀) ခု ပါဝင်ပြသနိုင်ပါရ ကုမ္ပဏီတစ်ခုလျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၄၄၁.၂၅) ကုန်ကျမည် ဖြစ်ပြီး  Food Expo 2021 တွင် ပါဝင်ပြသလိုပါက  http;//www.hktdc.com/fair/hkfoodexpo-en/s/431-For- Exhibitor /HKTDC- Food – Expo.Rules-&- Regulations.html တွင် ဝင်ရောက်စာရင်းပေးသွင်း နိုင်ပါကြောင်း သတင်း ရရှိပါသည်။

သတင်းအရင်းအမြစ်- မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့

ပြည့်ဖြိုး(MITC)

 


MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">