မြန်မာနိုင်ငံနှင့် စက္ာပူနိုင်ငံအကြားကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒါ်လာ သန်းပေါင်း ၃၈၀၀ ကျော်သို့ရောက်ရှိခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ေကျာ် သာရှိခဲ့သည်။ စက္ာပူနိုင်ငံသည် မြန်မာနိုင်ငံ တွင်ရင်းနှီးမြှပ်နှံမှု အများဆံုးနိုင်ငံတစ်ခုလည်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် စက္ာပူသည် အရှေ့ တောင်အာရှဒေသ၏ အချက်အချာကျသည့် နေရာတခုဖြစ်သည်။ ထိုအပြင် စက္ာပူသည် ကျွန်းနိုင်ငံငယ် တခုဖြစ်သေ ာကြောင့့် စိုက်ပျိုးမြေရှားပါးပြီး စိုက်ပျိုးရေး ထွက်ကုန်အများစုကို တင်သွင်းနေရသည်။ ထို့ကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများစွာကိုတွေ့မြင်နိုင်မည် ဖြစ်သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(Myantrade) သည် စက္ာပူနိုင်ငံ၏ မဟာဗျူဟာကျမှုကို ဈေးကွက်ချဲ့ထွင်းရေးအတွက် ထိရောက်စွာ အသုံးချနိုင်ရန် Myanmar Business Association (Singapore) ကူညီပံ့ပိုးမှုဖြင့် Myanmar Trade Center (Singapore) ကို စက္ာပူနိုင်ငံ၊ စက္ာပူမြို့တွင် မကြာမှီဖွင့်လှစ်နိုင်ရန် စီစဉ်ဆာင်ရွက်သွားမည် ဖြစ်ပြီး မြန်မာသံရုံး စက္ာပူမှ အနီးကပ်ကြီးကြပ် သွားမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
MITC