27.1.21

 

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (MITC)အနေဖြင့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် Business Visa ထောက်ခံချက် ထုတ်ပေးမှုကို MITC စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ တာဝန်ယူ ဆောင်ရွက် ခဲ့ပါသည်။ Onilne Visa Extension အတွက် Online Applicationကို  (၂၆.၁.၂၀၂၀) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး UMFCCI နှင့် ကုန်သည်လုပ်ငန်းရှင်(၈၀)ဦးခန့် တက်ရောက် ခဲ့ပါသည်။ ထို့နောက်စမ်းသပ်ကာလအနေဖြင့် တစ်လကို လျှောက်ထားသူများအလေ့အကျင့် ရရှိစေရန် ဆောင်ရွက်ခဲ့ပြီး (၁.၃.၂၀၂၀) ရက်နေ့တွင်  လျှောက်ထားမှုအားလုံးကို  Online မှ စတင်လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

       MITC ကိုစတင်ဖွဲ့စည်းသည့်အချိန်တွင် ဝန်ထမ်းအင်အားနည်းပါးသည့်အတွက် Digital အသုံးပြု၍ စီမံခန့်ခွဲနိုင်စေရန် စတင်ဦးတည်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ Covid- 19 ကမ္ဘာ့ကပ်ရောဂါများဖြစ်ပွားသည့်အတွက် Lock Down များချခြင်းနှင့်ရုံးဌာနများအား ရောဂါကာကွယ်ရေးကန့်သတ်ချက်များ၊ ညွှန်ကြားချက်များထုတ်ပြန်ခဲ့သော်လည်း MITC အနေဖြင့်  Business Visa ထောက်ခံချက်ထုတ်ပေးခြင်းကို Online စနစ်ဖြင့် စတင်ပြီးဖြစ်သောကြောင့် လူချင်းထိတွေ့ဆက်ဆံမှု အနည်းဆုံးအနေအထားဖြင့် Business Visa Recommendationအား ထုတ်ပေးရန် အဆင်သင့် အနေအထားသို့ ရောက်ရှိခဲ့ပါသည်။

        MITC အနေဖြင့် Onilne မှ Visa Extension အတွက်  ထေက်ခံချက်ထုတ်ပေးခြင်းကို လက်ခံဆောင်ရွက် ပေးလျှက်ရှိပြီး ၂၀၂၀ပြည့်နှစ်အတွင်းBusiness Visa  ထောက်ခံချက်ကို ကုမ္ပဏီ ပေါင်း (၄၇၃)ခုမှ နိုင်ငံခြားသားလူဦးရေ(၈၄၄)ဦးအားထောက်ခံဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းအပြင် လျှောက်ထားသူများ၏ ဝင်ငွေခွန် ( Personal Income Tax) ထမ်းဆောင်မှု အထောက်အထားများ တောင်းခံခြင်းဖြင့် နိုင်ငံတော်အတွက်အခွန်ဘဏ္ဍာရရှိရေးအား ကြီးကြပ်ဆောင်ရွက်ခဲ့ရာအခွန်ငွေ (၃၃၀.၈)သန်း ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

        Visa Extensionအတွက် ထောက်ခံချက်ကို Online မှလျှောက်ထားလိုသော နိုင်ငံခြားသားများ အနေဖြင့် www.myantrade.gov.mm - About myantrade - Myanmar International Trade Center - Visa Recommendation - Online Visa Extension မှတဆင့် မည်သူမဆိုလွယ်ကူစွာ ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် သိရှိလိုသည်များကို ဖုန်း ၀၁-၃၈၅၃၂၃ (သို့မဟုတ်) MITC Messenger များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ 

                                                                                                ပြည့်ဖြိုး (MITC)

                                                    

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">