13.10.20

 

            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြားချုပ်ဆို ခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ဒေသများ  စီမံခန့်ခွဲရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာသဘောတူညီမှု စာချုပ် ၁၉၉၇အရ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပူးပေါင်း ညှိနှိုင်းရေးကော်မတီ ဆွေးနွေးပွဲကို ၂၀၀၁ခုနှစ်မှစ၍ အလှည့်ကျကျင်းပလျက်ရှိပါသည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့်တရုတ်နိုင်ငံ၊ ရွှေလီမြို့တို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ၊ တယ်ဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တို့က ဦးစီး၍နှစ်စဉ်အလှည့်ကျ ကျင်းပပြုလုပ်ခဲ့ရာ (၁၈)ကြိမ်မြောက်နယ်စပ်ကုန်စည်ပြပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

           ယခုနှစ် (၁၉)ကြိမ်မြောက်မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြပွဲကို မြန်မာနိုင်ငံမှဦးဆောင်၍ မူဆယ်မြို့ တွင်လက်ခံကျင်းပရမည်ဖြစ်ပါသည်။ သို့ရာတွင်မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသောCovid-19 ကပ်ရောဂါ ကြောင့် မူဆယ်မြို့တွင်လက်ခံကျင်းပရန် မဖြစ်နိုင်သောကြောင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Myanmar Online Expo Park Platform တွင် Online Trade Fair  အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

              (၁၉)ကြိမ်မြောက် မြန်မာ-တရုတ်ကုန်သွယ်ရေး နယ်စပ်ကုန်စည်ပြပွဲကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင် ဘာလ (၁၄)ရက်နေ့မှ(၁၆)ရက်နေ့အထိ()ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြပွဲကာလအတွင်း (၁၅)ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီဆွေးနွေးပွဲ(JBTCCC)ကိုလည်း ထည့်သွင်း ကျင်းပ သွားမည်ဖြစ်ပါသည်။ သို့ပါ၍စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ဖုန်း၀၁-၃၇၇၁၀၁၊ ၀၁-၃၈၅၃၂၃၊ Email:mitcmyantrade@gmail.comနှင့် Myanmar Online Expo Park ဖုန်း ၀၉-၅၀၂၃၁၈၂၊ Email:myanmarexpopark@gmail.com တို့သို့ ဆက်သွယ် ပါဝင်နိုင်ပါကြောင်း သတင်းရရှိပါသည်။

MITC News

 

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">