မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ASEAN Korea Center (AKC)၏ ညှိနှိုငိးပံ့ပိုးမှုဖြင့် တောင်ကိုရီးယားနိုင်ငံ၊ ဆိုး(လ်)မြို့တွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Korea International Furniture& Wood Working Fair 2019 သို့တက်ရောက်မည့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ တို့သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် တွေ့ဆုံ၍ ခရီးစဉ်မတိုင်မှီ ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံမှ MNAC Co;Ltd၊ TK -Interiors Co;Ltd၊ Calamus Hill Co;Ltd၊ Glorious Family Co;Ltd၊ SG Next Co;Ltd၊ Mandalay Shinning Star Co;Ltd၊ Bamboo Star Co;Ltd၊ Classic Home Co.,Ltd တို့မှ ကုန်သည်လုပ်ငန်းရှင် (၁၃)ဦးက မြန်မာနိုင်ငံထွက် ကြိမ်ထည်၊ သစ်သားထည် လူသုံး အိမ်သုံးပစ္စည်းများကို မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။