စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ ကြီးမှူး၍ သစ်သီးဝလံများပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးပွဲကို ၂၀၁၉ခုနှစ် သြဂုတ်လ ၂၇ ရက် နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အစီအစဉ်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စီုးနှင့် ကုန်သွယ်ရေးဦးစီဌာန၊ ရန်ကုန်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဖေကြိုင် တို့က အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်၊ ဟင်သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးနှင့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးတို့က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ့သစ်သီးဝလံဈေးကွက်အခြေအနေနှင့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၏ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကုန်သည်လုပ်ငန်းရှင်များက ၎င်းတို့၏ ထုတ်ကုန်၊ ဈေးကွက်နှင့် ပြည်ပတင်ပို့နိုင်မှုအခြေအနေများကို မိတ်ဆက်ဆွေးနွေးကြပြီး မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတာဝန်ခံနှင့် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးကျော်သူတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ သီပေါ၊ တောင်ကုတ်၊ ထားဝယ်၊ သံတောင်ကြီးမြို့များမှ ကုန်သည်လုပ်ငန်းရှင် (၇၀)ဦးခန့်နှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
MITC News