(၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့်ရင်နှီးမြှပ်နှံမှုပွဲတော်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၁)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ Nanning International Exhibition and Convention Center ၌ အာင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။
|
Nanning International Exhibition and Convention Center |
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟန်ကျန့်၊ အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အာဆီယံ-တရုတ်ကုန်သည်လုပ်ငန်းရှင်များနှင့်အတူတက်ရောက်ခဲ့ပါသည်။
ယခုကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလ(၂၁-၂၄) ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နှစ်လိုဖွယ်ရာမြို့အဖြစ် မကွေးမြို့ကို အမျိုးသားပြခန်းဆောင် ဧရိယာတွင်လည်းကောင်း၊ ကုန်စည်ပြခန်း ဧရိယာတွင် ကုန်စည်ပြခန်းပေါင်း ၁၆၅ ခန်းပါဝင်ပြသလျှက်ရှိကာ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် ၄၀၀ ကျော်ခန့်ပါဝင်ဆင်နွဲလျှက်ရှိကြောင်း သတင်းရရှိပါသည်။