Chengdu-ASEAN Economic and Trade Week 2019 တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တွင် စက်တင်ဘာလ (၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပမည့် Chengdu-ASEAN Economic and Trade Week 2019 သို့တက်ရောက်ရန် မြန်မာကုန်သွယ်မှုမြှငိ့တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူဦးဆောင်သော အဖွဲ့ဝင် (၅)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၁၅-၉-၂၀၁၉ ညပိုင်းတွင် ရန်ကုန်မြို့မှ ချန်ဒူးမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၏ စီစဉ်မှုဖြင့် သစ်သီးဝလံ တင်ပို့သူကိုယ်စားလှယ် (၁)ဦး၊ မက်ကဒေးမီးယားတင်ပို့သူကိုယ်စားလှယ် (၁)ဦး၊ ငရုတ်/ဂျင်း တင်ပို့သူကိုယ်စားလှယ် (၁)ဦး နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကိုယ်စားလှယ် (၁)ဦးတို့ လိုက်ပါသွားကြပြီး ပြန်လည်ရောက်ရှိပါက မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတွင် ၎င်းတို့၏ အတွေ့အကြုံများကို အခြားလုပ်ငန်းရှင်များသို့ မျှဝေဆွေးနွေပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။