UAE နိုင်ငံ ဒူဘိုင်းမြို့တွင်ကျင်းပမည့် World Expo 2020 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
World Expo 2020 ကို အာရပ်စော်ဘွားများနိုင်ငံ(UAE) ဒူဘိုင်းမြို့တွင် ၂၀၂၀ခုနှစ်၊ အောက်တိုဘာလမှစ၍ (၆)လကြာကျင်းပမည်ဖြစ်ပြီး အဆိုပါပြကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၉၀)မှ ပါဝင်ပြသကြမည်ဖြစ်သည်။
World Expo 2020 Dubaiတွင် မြန်မာနိုင်ငံပါဝင်ပြသရေးနှင့် ပတ်သတ်သည့်ကိစ္စရပ်များကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက Commissioner Generalအဖြစ်တာဝန်ယူကာ Organiser ဖြစ်သည့် UAE နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျှက်ရှိသည်။
အာရပ်စော်ဘွားများနိုင်ငံ(UAE)သည် အရှေ့အလယ်ပိုင်းဒေသ၏ စီးပွားရေးအချက်အချာကျသော နိုင်ငံတခုဖြစ်ပြီး အာရှနှင့် ဥရောပကိုဆက်စပ်ပေးထားပြီး စီပွားရေး၊ ဘဏ္ဍာရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်သည့် ဒေသတခုဘည်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် Expo 2020 Dubai တွင်ပါဝင်ပြသခြင်းဖြင့် မြန်မာ့ထွက်ကုန်များကို အရှေ့အလယ်ပိုင်းနှင့် ဥရောပဈေးကွက်များသို့ မိတ်ဆက်နိုင်မည်ဖြစ်သလို ဈေးကွက်သစ်များတိုးတက်ရှာဖွေကာ multilateral trade သို့ပြောင်းလဲ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။