9.9.19


ကုန်သွယ်ရေးတင်းမာမှုများကြောင့် တရုတ်နိုင်ငံသုံးငွေကြေးတန်းဖိုး ဆယ်စုနှစ်ကျော် ကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့



အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရှိန်မြင့် လာသည့်အချိန်တွင် တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သည့် Renminbi-RMB တန်ဖိုးသိသိသာသာ ကျဆင်းခဲ့ပြီး၊ ဆယ်စုနှစ်တစ်ခုထက် ပိုသောကာလအတွင်းတွင် အနိမ့်ဆုံးနှုန်းဖြစ်လာခဲ့ကြောင်း၊
ထိုကဲ့သို့ ကျဆင်းခဲ့ခြင်းသည် တရုတ်နိုင်ငံ၊ ပြည်သူ့ဘဏ်အနေဖြင့် နေ့စဉ်ကိုးကားသည့် ငွေလဲလှယ်နှုန်းအား ၆.၉၂ သို့ထားရှိခဲ့သည့် နောက်ပိုင်းတွင် ပိုမိုကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း၊ တရုတ်နိုင်ငံ၊ ဗဟိုဘဏ်အနေဖြင့် ငွေကြေးလဲလှယ်နှုန်းအား ၂% သာအတိုးအလျော့ ပြုလုပ်ရန် ခွင့်ပြုထားကြောင်း၊ တရုတ်နိုင်ငံ၊ ပြည်မကြီးတွင် ငွေလဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၇.၀၃ ယွမ်ဖြင့် လဲလှယ်လျက်ရှိသော်လည်း တရုတ်နိုင်ငံ ပြင်ပတွင် လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၇.၀၇ ယွမ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ယွမ်ငွေလဲလှယ်နှုန်းသည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့သောဘဏ်ဏ္ဍာရေးအကြပ်အတည်း ကာလအတွင်း၌ပင် ၁ ဒေါ်လာလျှင် ၇ ယွမ်သို့သာအမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံသုံးငွေကြေးအဆမတန် တန်ဖိုးကျဆင်း လာခြင်းသည် အမေရိကန် ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းမည့် သွင်းကုန်များအပေါ် (၁-၉-၂၀၁၉)ရက်နေ့မှ စတင်၍ အကောက်ခွန် တိုးမြှင့်ကောက်ခံရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကြေငြာခဲ့ခြင်းသည်လည်း အကြောင်းရင်း တစ်ချက်ဖြစ်နိုင်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့်နိုင်ငံသုံး ငွေကြေးအားတည်ငြိမ်အောင် ထိန်းသိမ်း နိုင်ရန်အတွက် လိုအပ်သောစီမံဆောင်ရွက်မှုများအား ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source:https://edition.cnn.com/2019/08/04/investing/asian-market-latest-yuan/index. html?fbclid=IwAR2P_AJlg9NcAl12DYNliBncHIHm3GF9E0cD80SNsStsREq2maYsEuhjcqo



MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">