27.9.19

မြန်မာနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စင်ကာပူဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်မည့် အလားအလာကောင်းများရှိ

    စင်ကာပူနိုင်ငံသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် တင်သွင်း/တင်ပို့သူများအသင်း(SFVIEA)သည် မြန်မာနိုင်ငံမှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် တင်သွင်း/တင်ပို့နိုင်ရေးအတွက် အဓိကပံ့ပိုးကူညီပေး နေသောအသင်းဖြစ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ စိန်တလုံးသရက်သီးတစ်မျိုးတည်းကိုသာ အဓိကတင်သွင်းလျက်ရှိပါသည်။ စင်ကာပူနိုင်ငံသို့  မြန်မာ့သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့နိုင်ရန် အောက်ပါအချက်များနှင့် ပြည့်စုံရန် လိုအပ်ပါသည် -
(က)    ကုန်စည်များလန်းဆန်းနေမှုကိုထိန်းသိမ်းထားနိုင်ရန်အတွက် မတင်ပို့မီသိုလှောင်ထားနိုင်မှု၊ တင်ပို့စဉ် ထုပ်ပိုးမှုစနစ် ကောင်းမွန်မှုရှိရေးအရေးကြီးပါသည်။
(ခ )    စင်ကာပူစားသောက်ကုန်ဆိုင်ရာအေဂျင်စီ(Singapore Food Agency SFA)သည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုအပေါ် တင်းကြပ်သည့် စည်းမျဉ်းများချမှတ်ထားခြင်းမရှိပါ။
(ဂ )    GAP နှင့် HACCPအသိအမှတ်ပြု လက်မှတ်များမရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် တင်သွင်း နိုင်ပါသည်။
(ဃ)    Joint FAO/ WHO Codex AlimentariusCommission  မှ သတ်မှတ်ထားသည့် ပိုးသတ်ဆေးနှင့် အဆိပ်ဖြစ်စေသောဓါတုဆေးအကြွင်းအကျန်များပါဝင်မှု သတ်မှတ်ချက်ထက် ကျော်လွန်ခြင်းရှိ၊ မရှိစစ်ဆေးမှုသာပြုလုပ်ပါသည်။
        SFA သည် Enterprise Singaporeနှင့် ပူးပေါင်းစီစဉ်၍ စင်ကာပူသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်း/တင်ပို့သူများလိုက်ပါသည့် Sourcing Mission များကိုအချို့နိုင်ငံများသို့ စေလွှတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံများသို့ သွားရောက်လေ့လာခဲ့ပြီး၊ ၂၀၂၀ ခုနှစ်အစောပိုင်းတွင် မြန်မာ နိုင်ငံသို့သွားရောက် လေ့လာနိုင်ရန် အစီအစဉ်ရှိသောကြောင့် မြန်မာနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ဝင်ရောက်နိုင်မည့် အလားအလာများကိုလက်လွတ်မခံဘဲ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သတင်းရရှိပါသည်။
                                                                                                                         ထိန်လင်း (MITC)

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">