Ease of Doing Business တိုးတက်မှု အကောင်းဆုံးနိုင်ငံ(၂၀)တွင်မြန်မာနိုင်ငံပါဝင်
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်မှုလွယ်ကူမှုစံနှုန်း (Ease of Doing Business) တိုးတက်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ခံဌာနအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်ကြာ ကြိုးစားအားထုတ်မှု၏ ရလဒ်အဖြစ် World Bank ၏ Top-20 Improvers in Doing Business 2020 စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်မှု တိုးတက်မှုအကောင်းဆုံးနိုင်ငံ (၂၀)တွင် တရုတ်၊အိန္ဒိယတို့နှင့်အတူ မြန်မာနိုင်ငံပါဝင် ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှု (၅)ခုကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားသည်။ ၎င်းတို့မှာ ရန်ကုန်မြို့တော်၏ ဆောက်လုပ်ရေးအရည်အသွေး ထိန်းသိမ်းခြင်းနှင့် ရေနှင့် ရေဆိုးစနစ်တွင် ရင်းနှီးမြှပ်နှံမှု၊ Online ကုမ္ပဏီမှတ်ပုံတင် platform ပြောင်းလဲအသုံးပြုမှု၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ တရားရုံးများ၏လုပ်ငန်းဆောင်ရွက်ချက် တင်ပြချက် စတင်ထုတ်ဝေပေးမှုနှင့် စီးပွားရေးလုပ်ငန်းလွယ်ကူအောင် ရင်းနှီးမြှပ်နှံသူတွေယုံကြည်မှုရှိအောင် သိသာထင်ရှားသောပြုပြင်ပြောင်းလဲမှုများ ဖြစ်ပြီ Ease Of Doing Business Ranking ကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နံနက် ၉ နာရီတွင် ကြေညာမည် ဖြစ်ကြောင်းဖော်ပြထားသည်။