မြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြားချုပ်ဆိုခဲ့သည့် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်အရ နယ်စပ်ကုန်စည်ပြပွဲကို နှစ်နိုင်ငံ အလှည့်ကျကျင်းပပြုလုပ်ခဲ့ရာ (၁၈) ကြိမ်မြောက် ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံ(၅)နိုင်ငံရှိတဲ့အနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အရေးပါတဲ့ ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာ-တရုတ် ကုန်သွယ်မှုဟာ နှစ်စဉ် တိုးတက်လျှက်ရှိပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ တရားဝင်စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ (၁၁.၃၆) ဘီလီယံရှိခဲ့တဲ့အနက် နယ်စပ်မှတဆင့် ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ (၅.၉) ဘီလီယံရှိခဲ့ ပေသည်။ အဆိုပါပမာဏသည် လက်တွေ့အခြေအနေနဲ့ နှိုင်းယှဉ်ပါက ထပ်မံတိုးချဲ့နိုင်မည့် အလားအလာများ ရှိနေပါသေးသည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း (၅) ခုရှိတဲ့အနက် မူဆယ်-ကျယ်ဂေါင်-ရွှေလီစခန်းမှ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ (၄.၈) ဘီလီယံ ရှိသည့်အတွက် မြန်မာ-တရုတ်နယ်စပ် နယ်စပ်စခန်း(၅)ခု၏ ကုန်သွယ်မှုပမာဏ (၈၁) ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရပေသည်။ ထိုအချက်ကိုကြည့်လျှင် မူဆယ်-ကျယ်ဂေါင် - ရွှေလီကုန်သွယ်မှုရဲ့ အရေးပါမှုကို သိရှိနိုင်မည်ဖြစ်သည်။
အဆိုပါ(၁၈)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲကို တရုတ်နိုင်ငံကျယ်ဂေါင်မြို့၊ ကျောက်မြတ်ပြတိုက်တွင် ဒီဇင်ဘာလ (၁၀)ရက်မှ (၁၂)ရက်နေ့အထိ (၃)ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ကာ ပြပွဲတွင်မြန်မာနိုင်ငံမှ ပြခန်းပေါင်း(၅၃)ခန်း ပါဝင်ပြသကြမည်ဖြစ်ပြီး သစ်အချောထည်ပရိဘောဂ ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ အင်ကြင်းကျောက်ပစ္စည်းများ၊ လျှော်ဖြူ၊ ကမ်းဇော်ဆက်စပ် ထွက်ကုန်များ၊ တိုင်းရင်းဆေးများ၊ စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ သဘာ၀ငှက်သိုက်ထုတ်ကုန်နမူနာပစ္စည်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ လယ်ယာထွက်ကုန်ပစ္စည်းများ ပါ၀င်ပြသမည်ဖြစ် ကြောင်းသတင်းရရှိပါသည်။
MITC News