ပထမအကြိမ်မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် လင်ချန်းမြို့ပြည်သူ့အစိုးရတို့ပူးပေါင်း၍ လားရှိုးမြို့၊ မိုးလုံလေလုံ အားကစားရုံ တွင် (၂၁.၁၁.၂၀၁၉) မှ (၂၄.၁၁.၂၀၁၉) ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ကုန်စည်ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ကူညီပံ့ပိုးပေးပြီး လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့ကပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်သည်။
ပထမအကြိမ်မြန်မာ
(လားရှိုး)-တရုတ်(လင်ချန်း)
နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှပြခန်း(၆၀)နှင့် တရုတ်နိုင်ငံဘက်မှပြခန်း(၈၀) စုစုပေါင်းပြခန်း(၁၄၀)တွင် နှစ်နိုင်ငံ ကုန်သည်များမှအရည်အသွေးရှိ ထွက်ကုန်များကိုပါ၀င်ပြသကြမည်ဖြစ်ပြီး အချင်းရွှေဟော် လမ်းကြောင်းသစ်ကုန်သည်လုပ်ငန်းရှင်များဆွေးနွေးပွဲ၊ နှစ်နိုင်ငံဆွေးမျိုး ပေါက်ဖော်ချစ်ကြည်ရေး ပဒေသာကပွဲကိုလည်း နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များက ၂၁-၁၁-၂၁၀၉ ရက်နေ့ညတွင် ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်တရုတ်နိုင်ငံမှကုန်သည်လုပ်ငန်းရှင်(၂၅၀)ခန့်ပါ၀င်တက်ရောက် မည်ဖြစ်ပြီး လားရှိုးမြို့နှင့်လင်းချန်းမြို့တို့တွင်နှစ်စဉ်အလှည့်ကျ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
MITC News