မြန်မာနိုင်ငံ၏ အုန်းသီးစိုက်မျိုးမှုသည် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျသောဒေသများဖြစ်သည်။အုန်းသီးမှ ကျန်းမာရေးနှင့်ညီညွတ်၍ ဈေးနှုန်း မြင့်မားပြီး ဈေးကွက်ဝင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည်။ အုန်းဆံမွှေးကိုစက်မှု လုပ်ငန်းများ၊ အသုံးအဆောင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုကြသည်။ အုန်းမှုန့်ခွက် မီးသွေးကို အနောက်နိုင်ငံများ၏ အထက်တန်းလွှာများတွင် Shisha ရှုရာ၌ အသုံးပြုကြပြီး ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀မှ ၁၀၀၀ ကျော်အထိ ဈေးနှုန်းရှိသည်။ အုန်းသီးမှ ထုတ်လုပ်သည့် အုန်းနို့၊ အုန်းဆီနှင့်အုန်းရည်တို့မှာ လည်းကျန်းမာရေးနှင့် အလှကုန်ပစ္စည်းထုတ်လုပ်မှု၊ စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းတို့တွင်အရေးပါပြီး အရည်အသွေးပေါ်မူတည်ပြီးဈေးကောင်းရရှိနိုင်ကြသည်။
မြန်မာကုမ္ပဏီများအနေဖြင့် အုန်းဆန်မှုန့်၊ အုန်းဆီ၊ အုန်းနို့ရည်များ ထုတ်လုပ်နေပြီဖြစ်ပြီး ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေး၊ ထုတ်ပိုးမှုနှင့် ဈေးကွက်နေရာရရှိရေးတို့အတွက် ကြိုးစားကြရပေဦးမည်။
အုန်းမှုန့်ခွက်မှမီးသွေးထုတ်လုပ်တင်ပို့ရန် မြန်မာကုမ္ပဏီတစ်ခုမှ ကြိုးစားလျှက်ရှိပြီး နည်းပညာ အကြံပေးအဖြစ် ယူကရိန်းနိုင်ငံသားမှတာဝန်ယူကာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အတွင်းတွင် စက်ရုံ တည်ဆောက်၍ နောက်ဥရောပဈေးကွက်သို့ တင်ပို့ရန် လေ့လာဆန်းစစ်မှုများပြုလုပ်နေပြီ ဖြစ်ကြောင်းနှင့်
မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသည် မြန်မာကုမ္ပဏီများကုန်ကြမ်းတင်ပို့မှုအစား ကုန်ချော အဖြစ်ပြောင်လဲတင်ပို့နိုင်ရေးအတွက်အားပေးကူညီလျှက်ရှိပြီးပြည်တွင်းဖြစ်အရည်အသွေးမြင့် ထုတ်ကုန်များ ပြည်ပဈေးကွက် ရရှိအတွက်လည်း ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းရေးသားဖော်ပြ လိုက်ရပေသည်။
MITC News