မြန်မာနိုင်ငံသည်ကမ္ဘာ့ပဲတင်ပို့မှုဒုတိယအများဆုံးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေသည်။မြန်မာနိုင်ငံမှထွက်ရှိသော
ပဲများကိုအန္ဒိယ၊တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိပြီး ဥရောပသမဂ္ဂနိုင်ငံများ သို့လည်း စမ်းသပ်တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံမှ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန်၁.၂၄သန်း (အမေရိကန်ဒေါ်လာ၁၂၁၄သန်း)၊၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင်
ပဲမျိုးစုံတန်ချိန်၁.၄၂သန်း(အမေရိကန်ဒေါ်လာ ၁၄၀၅.၂၇သန်း)၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင်
ပဲမျိုးစုံတန်ချိန်၁.၃၁သန်း(အမေရိကန်ဒေါ်လာ၈၈၃.၇၅၃သန်း) အသီးသီးတင်ပို့ နိုင်ခဲ့သည်။
အနောက်နိုင်ငံများ(ဥရောပသမဂ္ဂနိုင်ငံများ)သည်
အသားစားသုံးမှုများပြားပြီး အသားစားသုံးမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများအန္တရာယ်ကြောင့်
အသားအစားproteinဓါတ်ပြည့်ဝသည့် ပဲကိုပြောင်းလဲ စားသုံးရန်ကြိုးစားလာကြသည်။ ၁၇.၁၀.၂၀၁၉ရက်နေ့နေ့လည်၂:ဝ၀နာရီတွင်စပိန်နိုင်ငံ၊
EUROPACOM
Pte.Ltdမှ Director Mr. Robert Rollmanသည် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတွင်
ဒေါက်တာသက်လွင်ဦးနှင့်လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှပဲတီစိမ်းနှင့်ဆန် ဝယ်ယူတင်သွင်းနိုင်မည့်
အခြေအနေများကို လာရောက်ဆွေးနွေးခဲ့သည်။ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ
ဥရောပသို့ ပဲတီစိမ်းတင်ပို့မှုအတွေ့အကြုံရှိသည့် ကုမ္ပဏီစာရင်းကို အသေးစိတ်ချိတ်ဆက် ဆွေးနွေးနိုင်ရေးအတွက် ပေးအပ်ခဲ့သည်။
သို့ပါ၍မြန်မာကုမ္ပဏီများအနေဖြင့် ပဲတင်ပို့မှုကိုအန္ဒိယ၊တရုတ်ဈေးကွက်သာမက ဥရောပဈေးကွက်အထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန် ပြင်ဆင်ထားသင့်ပါကြောင်းတင်ပြလိုက်ရပေသည်။
MITC News