ကိုရီးယားနိုင်ငံမှဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအပါအဝင် ကျန်းမာရေးအထောက် အကူပြုစားသောက်ကုန် ဖြည့်စွက်စာများကိုဖြန့်ဖြူးရောင်းချသော ကိုရီးယားကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံမှဓနိဖူးများကို ကိုရီးယားသမ္မတနိုင်ငံသို့တင်သွင်း လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဓနိဖူးသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားများနိုင်ငံများတွင် ထွက်ရှိသည့် ဓနိဖူးများထက် သဘာဝဘေးဒဏ်ခံရမှု နည်းပါးသည့်အတွက် အရည်အသွေး ပိုမိုကောင်းမွန်သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ဓနိဖူးတွင်ကင်ဆာရောဂါအား ကာကွယ်နိုင်သည့် ဒြပ်ပေါင်းများပါဝင်ကာ ကျန်းမာရေးကိုလွန်စွာ အထောက်အကူပြုသည့်အတွက် ကိုရီးယားသမ္မတနိုင်ငံတွင် ၎င်းဓနိဖူးပါဝင် သည့် စားသောက်ကုန်၊ ဖြည့်စွက်စာများသည် ဝယ်လိုအားလွန်စွာများပျားသည်။
ကိုရီးယားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဓနိဖူးအပြင် ဟင်းသီးဟင်းရွက် များအားတင်သွင်းရန် စိတ်ဝင်စားလျှက်ရှိကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မုံညှင်းများကို တရုတ်နိုင်ငံမှတဆင့် ပြန်လည်ဝယ်ယူတင်သွင်းလျှက်ရှိပြီး အအေးခန်းသိုလှောင်မှု စနစ်၊ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာပါက မြန်မာနိုင်ငံနှင့်ပင် တိုက်ရိုက်ရောင်းဝယ်မှုပြုလုပ်လိုကြသည်။
ကိုရီးယားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဓနိဖူးအား ဝယ်လိုအား အခိုင်အမာရှိသည့်အတွက် တင်ပို့တင်သွင်းခြင်းဆိုင်ရာကိစ္စများကို ပိုမိုအဆင်ပြေချောမွေ့ စေလိုပါသည်။ ဓနိဖူးတင်သွင်းရာတွင် ထွက်ရှိရာဒေသမှ ဝယ်ယူစုဆောင်းခွင့်၊ ထုတ်လုပ် ခွင့်တို့အတွက် လိုအပ်သည့်ခွင့်ပြုချက်များရရှိရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် စသည်ဖြင့် အဆင့်ဆင့် တင်ပြရသည်များရှိ၍ ကြံ့ကြာမှုများရှိပါသည်။ ကိုရီးယားကုမ္ပဏီများမှ ဓနိဖူး၏အရည်အသွေးကိုနှစ်သက်သည့်အတွက် ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေရေး ကြံ့ကြာနေသည့်အဆင့်များကို ဖြေလျော့ပေးနိုင်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးစေလိုကြသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်များ ပြည်ပနိုင်ငံများသို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် အအေးခန်း သိုလှောင်ရုံများတည်ဆောင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခြင်း လုပ်ငန်းများကိုသက်ဆိုင်ရာမှဦးစီးဆောင်ရွက်ခြင်းဖြင့်မြန်မာနိုင်ငံ၏ကုန်သွယ်မှုကဏ္ဍကိုမြှင့်တင်နိုင်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။
MITC News
Source: Myanmar Embassy in Soul