မြန်မာကုမ္ပဏီများ ဟောင်ကောင်၏ Certificate Of Business Identity (CBI) လျှောက်ထားနိုင်
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အခြေစိုက် Hong Kong General Chamber of Commerce (HKGCC)သည် ၁၈၆၁ မှ စတင်တည်ထောင်ခဲ့သော ဟောင်ကောင်စီးပွားရေးကို ဦးဆောင်နေသည့် ဝါရင့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။HKGCC သည် ဟောင်ကောင်၌ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် နှင့် အခြားဒေသတွင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ အနေဖြင့် CBI အသိအမှတ်ပြုလက်မှတ် လျှောက်ထားနိုင်ကြောင်း ုမြန်မာကောင်စစ်ဝန်ချုပ်ရုံး (ဟောင်ကောင်)မှတဆင့် အကြောင်းကြားလာပါသည်။ CBI ကြောင့် မြန်မာကုမ္ပဏီများအနေဖြင့် တရုတ်၊ ဟောင်ကောင် အပြင် နိုင်ငံတကာရှိ စီးပွားရေးအသိုက်အဝန်းတွင် ဆက်သွယ်ဆောင်ရွက်နိုင်မှု နှင့် စိတ်ချယုံကြည်ရမှု အဆင်ပြေစေမည်ဖြစ်သည်။
CBI ၏ သက်တမ်းမှာ (၁)နှစ် ဖြစ်ပြီး HKGCC အဖွဲ့ဝင်များအတွက် အမေရိကန်ဒါ်လာ (၁၀၀)၊ အဖွဲ့ဝင်မဟုတ်သူများအနေဖြင့် အမေရိကန်ဒေါ်လာ (၁၅၀)ခန့် ကုန်ကျမည်ဖြစ်ကာ သက်တမ်း (၁)နှစ်ဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ကြောင်း သိရှိရပါသည်။ CBI လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက HKGCC Director Mr. Thines Shek ၊ ☎️ +852-23955515၊ Mail: thinex@chamber.org.hk သို့ ဆက်သွယ်နိုင်ကြောင်းသတင်းရရှိပါသည်။့