မြန်မာနိုင်ငံသည်ပဲအများဆုံးတင်ပို့သောနိုင်ငံတစ်ခုဖြစ်ပြီးအဓိကအားဖြင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲကို အိန္ဒိယသို့လည်းကောင်း၊ ပဲတီစိမ်းကို တရုတ်သို့လည်းကောင်းအများဆုံးတင်ပို့သည်။ ယမန်နှစ်မှ စတင်၍ အိန္ဒိယဈေးကွက်၏ ပဲတင်သွင်းမှုPolicyအပြောင်းအလဲများကြောင့် မြန်မာ့ပဲဈေးကွက် ကမောက်ကမဖြစ်ခဲ့ ရပေသည်။
ထို့ကြောင့်ဈေးကွက်တစ်ခုတည်းပေါ်မှီခို၍မရတော့ကြောင်းကို မြန်မာ့ပဲလောကသားများ အားလုံးနားလည် သဘောပေါက်လာကြပြီး ဈေးကွက်သစ်များရှာဖွေခဲ့ကြသည်။ ယခုအခါ မြန်မာ့ပဲ၏ထူးခြားသည့်အရသာ ကြောင့် ပါကစ္စတန်၊ နီပေါနှင့် အရှ့အလယ်ပိုင်းဈေးကွက်သစ်များအထိထိုးဖောက်နိုင်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် ပဲတင်ပို့မှု၌အာရှတိုက်တွင်ပထမနှင့် ကမ္ဘာ့အဆင့်တွင် ကနေဒါနိုင်ငံပြီးလျှင် ဒုတိယနေရာမှ
ရပ်တည်လျှက်ရှိပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် Bean Day ကိုကျင်းပပြုလုပ်ခဲ့သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာပဲကွမ်းဖရန့် ကိုလည်းလာမည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပ နိုင်ရေး အမည်စာရင်းတင်သွင်းထားပြီး Australia, Singapore တို့နှင့် ယှဉ်ပြိုင်အရွေးခံရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပဲသည်တောင်သူလယ်သမားများအတွက် စပါးပြီးလျှင်ဒုတိယ အားအထားရဆုံး ကုန်စည်ဖြစ်သည်။ ထို့ကြောင့်ပဲဈေးကွက်ခိုင်မာရေး၊ ပဲဈေးကွက်သစ်များရရှိရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးအတွက် သက်ဆိုင်သည့်အစိုးရဌာနများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ပဲကုန်သည်များနှင့် စိုက်ပျိုး ထုတ်လုပ်သူများ လက်တွဲညီညီကြိုးစားသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။
MITC News