20.12.19



     အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်သွင်းခွင့်ကိုတာ သတ်မှတ်ချက်ကို မူလကတန်ချိန်၁.၅သိန်းသတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် ၂.၅ သိန်းတိုးမြှင့်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်းအိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာန(DGFT)က ၁၉.၁၂.၂၀၁၉ နေ့တွင် Trade Notice No.43/2019-2020ဖြင့် ကုန်သွယ်ရေး အသိပေးချက် ထုတ်ပြန်လိုက်ပါသည်။
       အိန္ဒိယနိုင်ငံ၏ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှုမူဝါဒအရဗဟိုအစိုးရက ၂၀၁၇ ခုနှစ် မှစတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအားပြည်ပကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာနကသတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အတွင်းကိုတာတန်ချိန် ၄ သိန်းအထိ ကန့်သတ်တင်သွင်းခွင့် ပြုလိုက်ကြောင်း၊ ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရကနှစ်နိုင်ငံချင်းသို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားရှိသည့် နားလည်မှုစာချွန်လွှာ(MoU)များနှင့် သက်ဆိုင်ခြင်းမရှိကြောင်းဖေါ်ပြ ထားသည့်အမိန့်ကြော်ငြာစာကို ၁၈.၁၂.၂၀၁၉နေ့တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကထုတ်ပြန်ခဲ့သည်။
   DGFTဌာနသည် အဆိုပါအမိန့်ကြော်ငြာစာအရကုန်သွယ်မှုအသိပေးချက်ကိုထပ်ဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီးတိုးမြှင့်တင်သွင်းခွင့်ပြုမည့် မတ်ပဲတန်ချိန် ၂.၅ သိန်းအားပြည်တွင်းရှိပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများသို့ တင်သွင်းခွင့်ကိုတာများခွဲဝေချထားပေးမည် ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်မှ(၃၁)ရက်နေ့အတွင်း အင်တာနက်အွန်လိုင်းမှကိုတာ လျောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ ထပ်တိုးမတ်ပဲကိုတာတန်ချိန် ၂.၅ သိန်းအားတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများသည် ၃၁.၃.၂၀၂၀နေ့ အိန္ဒိယနိုင်ငံဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းသတင်း ရရှိပါသည်။
Source: Trade Notice No.43/2019-2020, Directorate General of Foreign Trade, Ministry of Commerce and Industry of India

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">