မြန်မာနိုင်ငံသားကုမ္ပဏီများ၊ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီရုံးခွဲများတွင် ခန့်အပ်ထားသော နိုင်ငံခြားသားများ၏စီးပွားရေးVisa သက်တမ်းတိုး ထောက်ခံချက်လျှောက်ထားမှုအတွက်
တင်ပြရမည့် စာရွက်စာတမ်းများကို မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန စတင်တာဝန်ယူချိန် မှစ၍ ယ္ခင်(၁၆)မျိုးမှ (၄)မျိုးသို့လျှော့ချနိုင်ခဲ့သည်။
ယခုအခါ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသည် စီးပွားရေး Visa သက်တမ်းတိုး ထောက်ခံချက်လျှောက်ထားမှုကို Online မှလျှောက်ထားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ် နှစ်စမ်းပိုင်းတွင် စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။ စီးပွားရေး Visa သက်တမ်းတိုးထောက်ခံချက်ကို Onlineမှ လျှေက်ထားနိုင်ပါက ကုန်သည်လုပ်ငန်းရှင်များအတွက် လွယ်ကူလျှင်မြန်ကာ အချ်န်ကုန်သက်သာစေမည်ဖြစ် ကြောင်းသတင်းရရှိပါသည်။
MITC News