မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည်
စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ - ၁၊ ပုဒ်မခွဲ (ခ) အရကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရန်
၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် စတာင်အာဏာတည်မည်ဖြစ်ကြောင်း ညွှန်ကြားချက်ကို ၂၀၁၉
ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။
သို့ဖြစ်၍စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ-၄၃အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျှဉ်း၍ ကုန်စည်များတွင် အောက်ဖော်ပြပါ အချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက် ပို၍ တွဲလျှက်ဖြစ်စေဖော်ပြနိုင်ကြောင်းဖော်ပြပါရှိပါသည်-

(က) ကုန်စည်၏အမျိုးအမည်
(ခ) အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ
(ဂ) ထားသိုသိမ်းဆည်းမှုအညွှန်း
(ဃ) သုံးစွဲပုံနည်းလမ်း
(င) ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး
(စ) ဓါတ်မတည့်ကြောင်းဖော်ပြချက်
(ဆ) ကြိုတင်သတိပေးချက်
ဖော်ပြပါညွှန်ကြားချက်ကိုလိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ-၇၃အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် ကုန်အမျိုးအစားအလိုက် နောက်ဆက်တွဲဇယားကိုကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သတင်းရရှိပါသည်။