30.1.20




Food & Hotel Asia (FHA)-Food & Beverageကုန်စည်ပြပွဲကို စင်္ကာပူနိုင်ငံ(Singapore Expo)တွင် ၃၁-၃-၂၀၂၀ ရက်နေ့မှ ၃-၄-၂၀၂၀ ရက်နေ့ထိ (၄)ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာကုမ္ပဏီများအနေဖြင့် Standard Package(၁.၈)စတုရန်းမီတာ အကျယ်ရှိသော ပြခန်း(4 BI-07)ကို မူလငှားရမ်းခနှုန်းစင်္ကာပူဒေါ်လာ ၁၃၉၅၀ မှ (၅၀)ရာခိုင်နှုန်း အထူးလျော့ဈေးဖြစ်သော စင်္ကာပူဒေါ်လာ ၆၉၇၅ ဖြင့် ပါဝင်ပြသနိုင်မည်ဖြစ်သည်။

           
         အဆိုပါ ကုန်စည်ပြပွဲကြီးတွင် အာရှစားသောက်ကုန်နှင့် အဖျော်ယမကာ (Food & beverage) ကုန်စည်များကိုပြသမည်ဖြစ်ပြီး၊ နိုင်ငံပေါင်း(၇၀)မှ ပါဝင်ပြသသူ (၂၀၀၀)နှင့် နိုင်ငံတကာပြခန်း (၅၄)ခန်း၊ နိုင်ငံပေါင်း(၁၀၀)မှ တက်ရောက်သူ(၄၈၀၀၀)အထိရှိကြောင်း ခန့်မှန်း သိရှိရပါသည်။

          Business to Business(B2B)ပြပွဲကြီးဖြစ်သည့်အတွက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတကာနှင့်လုပ်ငန်းရှင်များ အချင်းချင်း ထိရောက်စွာချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း၊ အခွင့်အလမ်းများရရှိမည် ဖြစ်သောကြောင့် မြန်မာ့သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် တန်ဖိုးမြင့် စားသောက်ကုန်များ၊ ဟင်းခတ် အမွှေးအကြိုင်များ၊ ငါးနှင့်ပင်လယ်စာများ၊ ကော်ဖီနှင့် လက်ဖက် ကုန်စည်များကိုပါဝင်ပြသနိုင်ပါ ကစင်္ကာပူဈေးကွက်သာမကနိုင်ငံတကာ ဈေးကွက်များကိုတိုးချဲ့ ချိတ်ဆက်နိုင်သော အခွင့်အလမ်း ကောင်းတစ်ခုဖြစ်သည်။

          Food & Hotel Asia သို့ ပါဝင်တက်ရောက်လိုသောကုမ္ပဏီများအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၀၈ နှင့် မြန်မာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၊ဖုန်း၀၁-၃၈၅၃၂၃သို့(၅-၂-၂၀၂၀)ရက်နေ့ထက် နောက်မကျ စေဘဲ စာရင်းပေးသွင်းနိုင်ကြောင်းသတင်းရရှိပါသည်။
                                                                                                       MITC News

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">