1.2.20

  

       တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသောဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နေသောဖရဲ/သခွားမွှေး၊ သစ်သီး ဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှုတုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက် တောင်သူများ၊ လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများအဆင်ပြေစေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ် ဆောင်ရွက်ရမည့် အစီအစဉ်များကို (၁-၂-၂၀၂၀)ပြည့်နှစ် နံနက်(၁၀:၀၀)နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန(ရန်ကုန်မြို့)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတန်း    အတွင်းဝန် ဦးအောင်စိုးဦးဆောင်ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချပ်ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဌ၊ မြန်မာနိုင်ငံ ဖရဲ/သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဌ၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌတို့ တက်ရောက်ခဲ့ပါသည်။ 

           
       ညှိနှိုင်းအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ဈေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ/သခွားမွှေးထုတ်ကုန်များအပေါ် ပြည်တွင်းဈေးကွက်အမြန်ဆုံး ရရှိရေးနှင့်  ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးမှ  တိုင်းရင်းသားသွေးချင်းတို့ရဲ့ပွဲတော် ကာလအတွင်းဆိုင်ခန်း ဖွင့်လှစ်ရောင်းချရေး၊ မြေပဒေသာကျွန်းတွင် ဖရဲ/သခွားပွဲတော် ကျင်းပပြုလုပ်ရေး၊ တညှင်းကုန်းလက္ကားဈေးတွင် သယ်ယူရောင်းဝယ်ရန်နေရာစီစဉ် ဆောင်ရွက်ပေးရေး၊ ရွှေပိတောက်ငါးဈေး(လှိုင်မြို့နယ်)တွင် သယ်ယူပို့ဆောင်ရောင်းဝယ်ရန်နေရာ စီစဉ်ပေးခြင်း၊ ရတနာသီရိကုန်စိမ်းဈေး(ထောက်ကြံ့)အပေါ်ထပ်တွင် ရောင်းချရန်နေရာစီစဉ်ပေးခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ဈေးများအတွင်းရရှိနိုင်မည့်နေရာ      များတွင် ဆိုင်ခန်းများဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ ရန်ကုန်မြို့တွင်းလှည့်လည်ရောင်းချရန် စီစဉ်ဆောင်ရွက် ပေးခြင်း တို့ကိုပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌမှ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း သယ်ယူရောင်းဝယ်ရန်နေရာ စီစဉ်ဆောင်ရွက်ပေးခြင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အုပ်စု(၁၁) သိုလှောင်ရုံးနှင့် ကြက်ဘဲဈေးအနီးရှိ ကုန်သွယ်ရေးဦးစီးဌာနပိုင် တစ်ဧကခန့်ဝင်းအတွင်း ယာယီဆိုင်ခန်း ဖွင့်လှစ်ရောင်းချရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်မည့် အစီအစဉ်များအနေဖြင့် ပြည်ပတင်ပို့ရန် အရည်အသွေးမီဖရဲ၊ သခွားပို့ကုန်များ ထုတ်လုပ်တင်ပို့မည့် လုပ်ငန်းရှင်များမှ ကုန်စည်သတင်းအချက်အလက်များကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သို့ ပေးပို့ပြီး၊ စီးပွားရေးသံမှူးများမှတဆင့် ပြည်ပဈေးကွက် ချိတ်ဆက်ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရန် လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ သီးနှံများထိန်းသိမ်း သိုလှောင်ရာတွင် မဖြစ်မနေလိုအပ်သည့် Cold Chain ပါဝင်သည့် Logistic Hub များပေါ်ထွန်းရေးပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                         MITC News

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">