မြန်မာနိုင်ငံတွင် ချင်း(ဂျင်း)ကို
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် အဓိကစိုက်ပျိုး ကြပြီး အများစုမှာ ဒေသမျိုးများဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ချင်း (ဂျင်း) စိုက်ဧက (၁၇၈၂၃) ခန့်ရှိပြီး နှစ်စဉ်တန်ချိန်
(၇၁၁၀၄)ခန့် ထွက်ရှိသည်။ ချင်း(ဂျင်း)ခြောက်ကို ပါကစ္စတန်၊ အိန္ဒိယ၊ စင်္ကာပူ၊ ဟောင်ကောင်၊
အာရပ်စော်ဘွားများနိုင်ငံ များသို့ နှစ်စဉ်တန်ချိန် (၂၀၀၀) ခန့် တင်ပို့ပြီး အမေရိကန်ဒေါ်လာ
(၂) သန်း ခန့် ဝင်ငွေရရှိနေသော သီးနှံတစ်ခုဖြစ်သည်။
ယခုအခါ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ချင်း(ဂျင်း) ခြောက်အပြင်
ချင်း(ဂျင်း)မှုန့် များအပြင် အသင့်စား စားသောက်ကုန်နှင့် ဟင်းခက်အမွှေးအကြိုင်များလည်း
ထုတ်လုပ်တင်ပို့ လျှက်ရှိသည်။ အမေရိကန်ကုမ္ပဏီတစ်ခုသည်လည်း မြန်မာနိုင်ငံမှ ချင်း(ဂျင်း)
ကုန်ကြမ်းဝယ်ယူ ရန် စိတ်ဝင်စားလျှက်ရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှထွက်ရှိသော
ဒေသမျိုးများသည် အမျှင် များပြီး အမေရိကန်နှင့် Premier Quality ဈေးကွက်ဝင်ရောက်ရန်
မျိုးပြောင်းလဲစိုက်ပျိုးရန် လိုအပ်မည် ဖြစ်ကြောင်း လေ့လာထားပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့်
အမေရိကန်မျိုး Yellow Variety Ginger များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ကလောနှင့်
ပင်လောင်းဒေသများတွင် ပြောင်းလဲ စိုက်ပျိုး၍ အမေရိကန်ဈေးကွက်သို့ ပြန်လည်တင်ပို့ရန်
သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
MITC News