7.2.20


             မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မူဆယ်နယ်စပ်သည် အဓိကကျသောနေရာဖြစ်ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၉-၂၀၂၀ တွင် လျာထားချက်မှာ ပို့ကုန် ၃၅၀၀ သန်း၊ သွင်းကုန် ၁၅၀၀ သန်း၊ ကုန်သွယ်မှုပမာဏ သန်း ၅၀၀၀ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ၂၄-၁-၂၀၂၀ အထိ ဆောင်ရွက်မှုမှာ ပို့ကုန် ၃၁ ရာခိုင်နှုန်း၊ သွင်းကုန် ၄၂ ရာခိုင်နှုန်းခန့်ဖြစ်ပြီး၊ ကုန်သွယ်မှုပမာဏမှာ ၃၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ပြဿနာ မဖြစ်မီကာလ ၁၇-၁-၂၀၂၀ မှ ၂၃-၁-၂၀၂၀ အထိ အခြေအနေတွင် တစ်နေ့လျှင် ပို့ကုန်  ၂ ဒသမ ၅ သန်း၊ သွင်းကုန် ၅ သန်းမှ ၈ သန်းခန့်အထိရှိပြီး၊ စုစုပေါင်း ကုန်သွယ်မှု 
ပမာဏမှာ ၇ သန်းမှ ၁၀ သန်းခန့်အထိ ပုံမှန်ရှိခဲ့ သည်။ ၂၄-၁-၂၀၂၀ မှ ၃၀-၁-၂၀၂၀ တွင် ပို့ကုန် ဒသမ ၅ သန်း၊ သွင်းကုန် ၂ သန်းမှ ၃ သန်းခန့်၊ ပို့ကုန်မှာ ၂ သန်းခန့်လျော့ကျသွားပြီး၊ သွင်းကုန်မှာ ၄ သန်းခန့် လျော့ကျသွားကြောင်းတွေ့ရှိရသည်။ ကုန်သွယ်ရေးဇုန်တွင် ပြဿနာမဖြစ်မီအချိန်က မော်တော်ယာဉ် ဝင်/ထွက်အခြေအနေမှာ တစ်နေ့လျှင် ပို့ကုန်ယာဉ် ပျမ်းမျှအစီးရေ ၇၀၀ ခန့်၊ သွင်းကုန်ယာဉ် ၄၀၀ မှ ၅၀၀ ကြားရှိပြီး၊ ပြဿနာဖြစ်လာသော အခြေအနေတွင် ပို့ကုန်ယာဉ်မှာ စီးရေ ၅၀ ခန် ရောက်ရှိခဲ့ပြီး၊ ပျမ်းမျှအနေဖြင့် ပို့ကုန်ယာဉ် စီးရေ ၄၀၀ မှ ၅၀၀ ကျော်ထိ လျော့ကျခဲ့သည်။ သွင်းကုန်ပိုင်းတွင် ယာဉ်စီးရေ ၁၀၀ မှ ၂၀၀ ခန့် လျော့ကျသွားပြီး၊ စုစုပေါင်းတစ်နေ့ လျော့ကျသော ပျမ်းမျှယာဉ် စီးရေမှာ ၈၀၀ မှ ၉၀၀ ခန့်ထိရှိကြောင်းတွေ့ရှိရသည်။ 


          ဖရဲ/သခွားကားများမှာ ပုံမှန်အချိန်များတွင် ဖရဲကားစီးရေ ၄၀၀ ခန့်၊ သခွားမွှေးကားစီးရေ ၃၀ မှ ၁၀၀ ထိရှိပြီး  ပြဿနာဖြစ်သောရက်များဖြစ်သည့် ဇန်နဝါရီလ ၂၄ မှ ၂၆ ထိရက်များတွင် လုံးဝမတက်သလောက် ဖြစ်သွားကြောင်းတွေ့ရှိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ မှ ၃၀ ရက်ထိ ဖရဲကားအစီး ၁၀၀၊ ၂၀၀ ခန့် တက်ခဲ့သော်လည်း အလုပ်ဖြစ်သည့် ပမာဏမှာ နည်းပါးသည်။ ဂဏန်း၊ ငါးရှဉ့်၊ ကားများယခင်ပုံမှန်ဆိုပါက ၁၀ စီးမှ ၂၀ စီး ပတ်ဝန်းကျင် ထိတက်ခဲ့သော်လည်း  ယခုအခါ ငါးရှဉ့်ကား တစ်နေ့ပျမ်းမျှ ၃ စီး မှ ၅ စီးအထိ၊ ဂဏန်းကား ၄ စီး အထိလျှော့ကျသွားကြောင်းတွေ့ရှိရသည်။ 
          တရုတ်ပြည်တွင်ကုန်သွယ်မှုလမ်းကြောင်းများ တုံ့ဆိုင်းရပ်တန့်သွားသောကြောင့် မိမိတို့မြန်မာနိုင်ငံ၏ ပို့ကုန်မှာ ရွှေလီ၊ ကျယ်ဂေါင်၊ တယ်ဟုန်ဒေသများ စားသုံးရန်လောက်သာ လက်ခံနိုင်သော အနေအထားမျိုး ဖြစ်သွားပြီး ရောင်းလိုအား များပြီး ဝယ်လိုအားမရှိသောကြောင့် စျေးနှုန်းထက်ဝက်ခန့် ကျသွားကြောင်း တွေ့ရှိရသည်။

                                                                                                                   MITC News

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">