15.2.20


     1st Myanmar Startup Showကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၄) ရက် နေ့လည်(၂)နာရီအချိန်တွင် မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါ၊ မြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျုတာလုပ်ငန်းရှင်များအသင်း၊အပြည်ပြည်ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများတက်ရောက်ကြသည်။ 


   1st Myanmar Startup Showကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် ကျင်းပရေးအစီအစဉ်များကို တက်ရောက်လာကြသူများမှအကြံပြုဆွေးနွေးကြသည်။ 1st Myanmar Startup Showကို မြန်မာနိုင်ငံ တဝှမ်းမှ ပို့ကုန်မြှင့်တင်ရေးအထောက်အကူပြု ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးထုတ်ကုန်များနှင့် ကုန်သွယ်မှုလုပ်ငန်းအထောက်အကူပြု နည်းပညာထုတ်ကုန်များကို ဖော်ထုတ်၍ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ ဦးဆောင်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

                              
       အဆိုပါ ပြပွဲကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၈:၃၀ မှ ညနေ ၄:၃၀ အထိ မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC) ဒုတိယထပ်ရှိ Multi Function Hall တွင်ကျင်း ပပြုလုပ်မည်ဖြစ်ပြီး Startup လုပ်ငန်းရှင်များအတွက် အသိပညာပေးဆွေးနွေးပွဲများလည်းတပြိုင်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                                      MITC News

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">