မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးကို အခြေခံလျှက်ရှိပြီးတရုတ်နိင်ငံတွင် ဇန်နဝါရီလမှ စတင်ဖြစ်ပွားလျှက်ရှိသောကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသစ်သီးဝလံစိုက်ပျိုး ထုတ်လုပ် သူများအနေဖြင့် ဈေးကွက်ထိခိုက်လျှက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနစ်နာလျှက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တရုတ်ဈေးကွက်ကိုမှီခိုနေရသောကမ္ဘာ့နိုင်ငံများသည် တရုတ်ပြင်ပ ဈေးကွက်သစ်များ ရှာဖွေရန်လေ့လာမှုများ၊ ချိတ်ဆက်မှုများကို ဆောင်ရွက်လျှက်ရှိကြောင်းတွေ့ရှိရသည်။
မြန်မာနိုင်ငံတွင်သစ်သီးဝလံများ အောက်ပါအချိန်ဇယားအတိုင်း တနှစ်ပတ်လုံး ဆက်လက်ထွက်ရှိ နေမည် ဖြစ်သည်-
စဉ် အမည် ထွက်ရှိကာလ
(က) ဖရဲသီး (Watermelon) ဇူလိုင်လလယ်အထိ
(ခ) ပိုက်ခွန်သခွားမွှေး (Muskmelon) တနှစ်ပတ်လုံး
(ဂ) နာနတ်သီး (Pineapple) မတ်လမှစတင်ဘာလအထိ
(ဃ) ငှက်ပျောသီး (Banana) တစ်နှစ်ပတ်လုံး
(င) သရက်သီး (Mango) ဧပြီလမှဩဂုတ်လအထိ
(စ) ထောပတ်သီး (Avocado) မတ်လမှဧပြီလအထိ၊
ဩဂုတ်လမှဖေဖော်ဝါရီလအထိ
သို့ပါ၍ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာမည့်ဈေးကွက်ထိခိုက်မှုကိုကြိုတင်ပြင်ဆင်ကာကွယ်ရေးတွင် နည်းလမ်းတစ်ခုဖြစ်သည့် ဈေးကွက်သစ်များရှာဖွေးရေးကို မြန်မာနိုင်ငံတော်သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး များအနေဖြင့်ကူညီပေးနိုင်ပါရန် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က နိုင်ငံခြားရေး၀န်ကြီးဌာနမှတဆင့် ညှိနှိုင်းမေတ္တာရပ်ခံထား ပြီးဖြစ်သည်။
ထို့အပြင် ပြည်တွင်းရှိ ဟော်တယ်များ၊ လက်ကားဈေးများတွင် ဖရဲ/သခွားစသည့် သစ်သီး၀လံအခြေခံ စားသောက်ဖွယ်ရာများ၊ ဖျော်ရေများကို အသုံးပြုခြင်းဖြင့် တဘက်တလမ်းမှ ကူညီပေးရန်လည်းညှိနှိုင်း လျှက်ရှိကြောင်း သတင်းရရှိပါသည်။
MITC News