စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် အာဆီယံ-ကိုရီးယားစင်တာနှင့်ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုရီးယားနိုင်ငံတွင်ကျင်းပမည့် အောက်ပါကုန်စည် ပြပွဲများတွင်ပါဝင်ပြသရန် ညှိနှိုင်းထားပြီးဖြစ်သည်-
(က) ASEAN Beauty Showcasing. ဧပြီလ ၂၃-၂၅( ခ ) Home Meal Replacement Fair ဧပြီလ ၁၆-၁၈
( ဂ ) Korea Int Furniture & Interior Fair သြဂုတ်လ ၁၅-၁၉
(ဃ) Global Game Exhibition နိုဝင်ဘာလ
ကုန်စည်ပြပွဲများနှင့်ပတ်သတ်သည့် အနီးကပ်ညှိနှိုင်းမှုများကို မြန်မာသံရုံး၊ဆိုး(လ်)မြို့ရှိ စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူကဆောင်ရွက်ပြီး မြန်မာကုန်သည်လုပ်ငန်းရှင်များစိစစ်ရွှေးချယ်ခြင်းကို မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန MITC မှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်။ ပါဝင်ပြသရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC)၊ ဖုန်း-၀၁၃၈၅၃၂၃၊ အီးမေး၊ mitcmyantrade@gmail.com သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းရှိပါသည်။
MITC News