21.2.20


          International Trade Center နှင့် TCMA တို့မှ ကြီးမှူး၍ (၈) ကြိမ်မြောက် နိုင်ငံတကာ သံရုံးများ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံအလိုက် ထုတ်ကုန်/ထွက်ကုန်များကို ပြသသည့် ဆောင်ရာသီပြပွဲ 8th Annual Embassy Showcase Winter national ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Ronald Reagan Building ၌ ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲသို့ ဝါရှင်တန်မြို့၊ မြန်မာသံရုံး အပါအဝင် နိုင်ငံခြားသံရုံး (၆၀) ရုံးမှ ပါဝင်ပြသခဲ့ကြပါသည်။
   ဝါရှင်တန်မြို့၊ မြန်မာသံရုံးအနေဖြင့်နှစ်စဉ်ကျင်းပသည့် ဆောင်းရာသီပြပွဲသို့ ဒုတိယအကြိမ် ပါဝင် ပြသခဲ့ခြင်းဖြစ်ပြီး ၊ ယခုနှစ်ပြပွဲအား “Farmers to Markets & Environmental – Friendly business” ခေါင်းစဉ်ဖြင့် ပါဝင်ပြသခဲ့သည်။ မြန်မာသ့ရုံးပြခန်း၌ ခရီးသွားလုပ်ငန်းနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပစ္စည်းများ၊ မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများဖြစ်ကြသော ထန်းရွာ (Toddy Plam Village)၊ Nature Myanmar ၊ JUMJEL ၊ Genius Coffee (အောင်နေ လင်းထွန်းကုမ္ပဏီ) နှင့် Burmese Treasure လုပ်ငန်းတို့မှ ထန်းအခြေခံစားသောက်ကုန်များ (ထန်းသကြား၊ ဂျင်းထန်းလျက်မှုန့်၊ ထန်းလျက်၊ ပဲချောင်း၊ ထန်းသီးယို) ၊ ကွမ်းသီးဖတ်ဖြင့် ပြုလုပ်ထားသည့် ပလတ်စတစ် အစားထိုးပန်းကန်များ၊ အညာ ဒေသထွက်ကုန်များဖြစ်သော သဘောဝဇီးဖျော်ရည်၊ မန်ကျည်း ဖျော်ရည်၊ ပုန်းရည်ကြီးနှင့် ရှမ်းပြည်နယ်မှ ကော်ဖီတို့ကို ပြသခဲ့သည်။


        ပြပွဲကာလအတွင်း ပြသသည့် မြန်မာ့စားသောက်ကုန်များဖြစ်သော ကော်ဖီ၊ ဂျင်းထန်း လျက်မှုန့်၊ ဇီးဖျော်ရည်နှင့် မန်ကျည်းဖျော်ရည်တို့ကို နမူနာဖျော်တိုက်သကဲ့သို့ ထန်းလျက်၊ ထန်းလျက်ပဲချောင်း၊ နှမ်းယို၊ မြေပဲယိုတို့ကိုလည်း နမူနာကျွေးမွေးခဲ့ကြသည်။ ပြပွဲလာသူများမှ မြန်မာ့ထုတ်ကုန်များအပေါ် စိတ်ဝင်စားမှု များပြားခဲ့ကာ နမူနာစားသောက်ပြီးနောက် ကြိုက်နှစ် သက်သည့်အတွက် ဝယ်ယူခဲ့ကြသည်။ ပြပွဲ ကာလအတွင်း သီရိလင်္ကာသံရုံးမှ တာဝန်ရှိသူနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ပြခန်းသို့လာရောက်ကာ ကွမ်းသီးဖတ်ဖြင့် ပြုလုပ်ထားသည့် ပလတ်စတစ်အစားထိုးပန်းကန်များ၊ ၎င်းတို့နိုင်ငံသို့ တင်သွင်းလိုသည့် အတွက် လာရောက် ချိတ်ဆက်ခဲ့၍ စီးပွားရေးအချိတ်အဆက်များလည်း ရရှိခဲ့သည်။

          ဆောင်းရာသီပြပွဲနှင့် အမေရိကန်မြို့များသို့ ဈေးကွက်ရှာဖွေရာတွင် အမေရိကန်နိုင်ငံသား များသည် မြန်မာ့ထုတ်ကုန်များအပေါ် အရသာပိုင်းတွင် လက်ခံကြိုက်နှစ်သက်ကြသည်ကို သိမြင်တွေ့ရှိခဲ့ပါသည်။ လာရောက်ပြသသည့် စားသောက်ကုန်စည်များအား ကြိုက်နှစ်သက်၍ ကယ်လီဖိုးနီးယား၊ နယူးယောက် ပြည်နယ်များရှိ လက်လီ၊ လက်ကားဆိုင်တစ်ချို့မှ ၎င်းတို့ဆိုင်များသို့  ဖြန့်ဖြူးရန် ကုန်အမှာစာတစ်ချို့ ရရှိသကဲ့သို့  ကိုယ်တိုင်တင်သွင်းလိုသည့် လော့စ်အိန်းဂျယ်လိစ် မှ Amani for Imports and Exports LLC ကုမ္ပဏီမှလည်း  နမူနာပစ္စည်းမှယူ စစ်ဆေးလျက်ရှိသည်။ ထို့ပြင် နယူးယောက်၊ ကယ်လီဖိုးနီးယား၊ ဒလဝဲ၊ မိန်းနှင့် ရို့ဒ်အိုင်းလင်းပြည်နယ်တို့ အပါအဝင် ပြည်နယ်များတွင် ၂၀၂၀ ခုနှစ်မှစ၍ တစ်ခါသုံး ပလပ်စတစ်အသုံးပြုမှု တားမြစ်ထား သည့်အတွက် ကွမ်းသီးဖတ်ဖြင့် ပြုလုပ်သည့် ပလတ်စတစ် အစားထိုး ပန်းကန်များ၊ အစားအစာ ထည့်သည့်ဗူးများအပေါ် စိတ်ဝင်စားမှုများစွာရရှိခဲ့သည်။ ကွမ်းသီးဖတ်ဖြင့် ပြုလုပ်သည့် ပလတ်စတစ် အစားထိုးပန်းကန်များကို နယူးဂျာဇီပြည်နယ်ရှိ ဓါတ်ခွဲခန်းတစ်ခုသို့ပေးပို့ စစ်ဆေးရာတွင် မိုက်ခရိုဝေ့၊ လျှပ်စစ်မီးဖိုကြီးများထဲသို့ သတ်မှတ်အပူချိန်နှင့် အချိန်တို့ခံနိင်ရည် ရှိသည့် အဖြေရရှိကြောင်း သိရသည်။

     သို့သော် မြန်မာ့ထုတ်ကုန်များတွင် အဓိကတွေ့ကြုံနေရသည့် အလွယ်တကူ တွေ့မြင်နိုင်သည့် စိန်ခေါ်မှုမှာ ထုတ်ပိုးမှု (Packaging) နှင့်ပါဝင်မှုပစ္စည်းအမျိုးအမည်၊ အာဟာရတန်ဖိုး ပါဝင်မှု (Labeling) တို့ဖြစ်သည်။ အမေရိကန်ဈေးကွက်သို့ တင်ပို့မည် ဖြစ်သည့်အတွက် အမေရိကန် ဈေးကွက် လိုအပ်ချက်အတိုင်း ပြင်ဆင်ပြောင်းလဲ၍ အရသာ၊ ထုတ်ပိုးမှုနှင့် အမေရိကန်၏ FDA Certificate ကဲ့သို့ သွင်းကုန်ဆိုင်ရာလိုအပ်ချက်များ ပြည့်မီရရှိရေး ဆက်လက်ကြိုးစား ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းအရင်းအမြစ် - မြန်မာသံရုံး၊ ဝါရှင်တန်မြို့။
                                                                                                             


                                                                                                               MITC News

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">