25.2.20


 
   
      အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် Pune မြို့၌ အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏စီစဉ်မှုဖြင့် ၃ ရက်တာကျင်းပသည့် ပဥ္စမအကြိမ် အိန္ဒိယပဲမျိုးစုံဆိုင်ရာ ညီလာခံဆွေးနွေးပွဲ (India Pulses Conclave 2020)သည် ၁၄.၂.၂၀၂၀နေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ ရောင်းချလျက်ရှိသည့် နိုင်ငံများမှကုန်သည်များ၊ အိန္ဒိယဒေသခံကုမ္ပဏီများနှင့် စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု လုပ်ငန်းနှင့် ပတ်သက်၍ ကြောင်းကျိုးဆီလျော်မှုနှင့် ပွင့်လင်းမြင်သာမှုရှိသော ကုန်သွယ်ရေး မူဝါဒတစ်ရပ်ကိုချမှတ် ဆောင်ရွက်ရန်လိုအပ်မည်ဟု ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
     အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဌ Mr. Zaverchand Bhedaက အိန္ဒိယ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် မိုးကောင်းသောက်လယ်မြေများ၌သာ အဓိကထားလုပ်ကိုင်နေရပြီး ရာသီဥတုအပေါ်အမှီပြုနေရခြင်းက စိုက်ပျိုးထွက်ရှိမှုပမာဏကို ပုံမှန်မဖြစ်စေပဲ အချို့နှစ်များတွင် သီးနှံအထွက်လျော့ကျမှုကို ကြုံတွေ့ရလေ့ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်သော ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်ရန်မှာ ခက်ခဲကြောင်း၊ မကြာသေးမီကလည်း မတ်ပဲနှင့်ပဲတီစိမ်း အထွက်နှုန်း ထိခိုက်မှုကို ကြုံတွေ့ရလျက်ရှိကြောင်း၊ သို့ဖြစ်ရာအစိုးရ၏ဆောင်ရွက်မှုများသည် တောင်သူလယ်သမား များနှင့် စားသုံးသူပြည်သူများအကြား ဟန်ချက်ညီမျှမှုရှိပြီး ပြုပြင်ပြောင်းလဲရန်လွယ်ကူသည့် လုပ်ဆောင်မှုများဖြစ်စေရန် အရေးကြီးကြောင်းဖြင့် ပြောဆိုပါသည်။ 
    IPGA၏ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ တင်သွင်းပြီးစီးမှုမှာ တန်ချိန် ၂၁.၅၃ သိန်းရှိကြောင်း၊ မိုဇမ်ဘစ်နိုင်ငံမှ တန်ချိန် ၁.၇၅ သိန်းအပါ အဝင် ပဲစင်းငုံတင်သွင်းရန် တန်ချိန် ၅.၇၅ သိန်းခွင့်ပြုထားရာ တန်ချိန် ၃.၃၇ သိန်း တင်သွင်းထား ပြီးဖြစ်ကြောင်း၊ ပဲလုံး(စားတော်ပဲအုပ်စု) တင်သွင်းရန် တန်ချိန် ၁.၅ သိန်းခွင့်ပြုထားသော်လည်း အမှန်တင်သွင်းပြီးစီးမှုမှာ တန်ချိန် ၆.၁၂ သိန်း အထိရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒေသန္တရအစိုးရ တရားရုံးများ၏ ခွင့်ပြုမိန့်ဖြင့် တင်သွင်းမှုများကြောင့် ထိုကဲ့သို့ဗဟိုအစိုးရ၏ သတ်မှတ်ချက်ကို ကျော်လွန်ခြင်းဖြစ်ကြောင်း၊ မတ်ပဲတန်ချိန် ၄ သိန်းခွင့်ပြုထားရာတွင် ၁.၉၂ သိန်းတင်သွင်းပြီးဖြစ်ကြောင်း၊ ပဲတီစိမ်း တန်ချိန် ၁.၅ သိန်း တင်သွင်း ခွင့်ပြုထားမှုအပေါ် တန်ချိန် ၆၇၀၀၀ တင်သွင်း ထားကြောင်း၊ ထို့အပြင် ကုလားပဲ တန်ချိန် ၂.၄၅ သိန်းနှင့် ပဲနီလေး တန်ချိန် ၇ သိန်းတို့ကိုလည်း တင်သွင်းခဲ့ကြောင်း သိရှိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံအနေဖြင့် ပဲမျိုးစုံတန်ချိန် ၂၅ သိန်းခန့် အထိ တင်သွင်းဖွယ်ရှိကြောင်း IPGA ၏ ဥက္ကဌ Mr. Zaverchand Bheda က ပြောကြားသည်။


   အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(DGFT)သည် ပဲမျိုးစုံတင်သွင်းခွင့် ခွဲတမ်း(Quota) သတ်မှတ်သည့် အမိန့်ထုတ်ပြန်မှုများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိကို Chennai မြို့နှင့် Jaipur မြို့ရှိ ပြည်နယ်တရားရုံးများ၌ ကုန်သည်များက အမှုစွဲဆိုထားရှိခြင်းအား ရင်ဆိုင်လျက်ရှိပြီး ဒေသန္တရတရားရုံးများ၏ ခွင့်ပြုမိန့်ဖြင့် တင်သွင်းလာသည့် ပဲတန်ချိန် ၂.၂၅ သိန်းခန့်သည် ဆိပ်ကမ်းများ၌ ထုတ်ယူနိုင်ခြင်းမရှိပဲ ကျန်ရှိနေဆဲဖြစ်ပါသည်။
    လာမည့်၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း အစိုးရကပဲတင်သွင်းခွင့်ခွဲတမ်းများ ထပ်မံချ ထားပေးခြင်း မရှိပါက အိန္ဒိယ၏ပဲမျိုးစုံတင်သွင်းမှုမှာ လက်ရှိတင်သွင်းမှုအောက် ၅၀%ခန့် လျော့ကျပြီး နှစ်နိုင်ငံ စာချုပ်အရ မိုဇမ်ဘစ်နိုင်ငံမှ တင်သွင်းမည့် ပဲစင်းငုံတန်ချိန် ၂ သိန်း အပါအဝင် ပဲနီလေးနှင့် ကန့်သတ် ထားခြင်းမရှိသော အခြားပဲများအား စုစုပေါင်းတန်ချိန် ၁၂ သိန်းမှ ၁၅ သိန်းအတွင်းသာ တင်သွင်း ဖွယ်ရာရှိကြောင်း၊ ဈေးကွက်လိုအပ်ချက်ရှိမည့် မတ်ပဲနှင့်ပဲတီစိမ်းတို့ကိုလည်း ဆက်လက်တင်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ယခုနှစ်စိုက်ပျိုးထွက်ရှိသည့် မတ်ပဲများအား ၂၀၂၀ ပြည့်နှစ် မေလအထိ အချိန်တိုးမြှင့်တင်သွင်းခွင့်ပြုရန် အစိုးရထံတောင်းဆိုထားကြောင်းဖြင့် အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်းက India Pulses Conclave 2020 ဆွေးနွေးပွဲတွင် သတင်းဌာနများသို့ ပြောကြားခဲ့ပါသည်။

သတင်းအရင်းအမြစ် -
                1. India's 2020-21 pulses import may fall by 50% if government doesn't extend    import quotas, 14 Feb 2020, Economic Times
                   2. India’s pulses import may fall 60% next fiscal, 14 Feb 2020, The Hindu
               3. India’s trade policy on pulses needs to be stable, says Canada, 14 Feb 2020,   Financial Express


                                                                                               နေအေးလွင်
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့


MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">