မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသည်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကိုယ်စား
ကုန်သွယ်မှုလုပ်ငန်းနှင့်ဆက်စပ်သည့် မြန်မာ၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြား ကုမ္ပဏီများ၊ Branch Office များမှ
ပညာရှင်များ၊ အကြံပေးများနဲ့ အဆင့်မြင့်နိုင်ငံခြားသား ဝန်ထမ်းများ၏
စီးပွားရေးဗီဇာ သက်တမ်းတိုးထောက်ခံခြင်း လုပ်ငန်းများကို
ဆောင်ရွက်ပေးလျှက်ရှိပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတွင် စီးပွားရေးဗီဇာသက်တမ်းတိုး ထောက်ခံချက်ကို Online မှ စတင်လျှောက်ထားနိုင်ကြောင်း ၂၁.၁.၂၀၂၀ ရက်နေ့တွင် စတင်ကြေငြာခဲ့ပြီး မူလလျှောက်ထားမှု ပုံစံကိုလည်း လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။ ယခုအခါ စမ်းသပ်ကာလတွင် အောင်မြင်စွာဆောင်ရွက် နိုင်သောကြောင့် ၂၀၂၀ပြည့်နှစ် မတ်လ(၁)ရက်နေ့မှစတင်၍ Online မှသာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
MITC News
MITC News