ကနေဒါနိုင်ငံသည်
အိန္ဒိယသို့ ပဲနီလေးနှင့် ပဲလုံး (စားတော်ပဲအဝါ) တို့ကို
အဓိကတင်ပို့လျက်ရှိသည်။ အိန္ဒိယအစိုးရက ပြည်တွင်းရှိတောင်သူများ၏
ပဲစိုက်ပျိုးထုတ်လုပ်မှုကိုမြှင့်တင်လျက် ပြည်ပမှတင်သွင်း မှုအား
ကန့်သတ်ခဲ့သည့်နောက်ပိုင်း၌ ၎င်းတို့၏ ပဲတင်ပို့မှုမှာလည်း လျော့နည်း လာခဲ့သည်။
ကနေဒါမှ အိန္ဒိယသို့ ပဲတင်ပို့မှုမှာ ၂၀၁၅ ခုနှစ်တွင် ကနေဒါဒေါ်လာငွေ (CAD)တန်ဖိုး
၁.၅ ဘီလီယံ ရှိရာမှ ၂၀၁၉ ခုနှစ်၌ ကနေဒါဒေါ်လာငွေ(CAD)တန်ဖိုး၃၂၉သန်းသို့ လျော့ကျခဲ့သည်။
သို့ရာတွင် ပရိုတင်းဓါတ်ကြွယ်ဝသည့် သီးနှံဝယ်လိုအားမြင့်မားသည့် အခြားသော ဈေးကွက်နိုင်ငံများ ရှိနေပြီး ၎င်းတို့အနေဖြင့်
တရုတ်၊ ဗီယက်နမ်၊ ဂျပန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဘင်္ဂလားဒေ့ရှ်
တို့ကဲ့သို့ ဈေးကွက်အသစ်များသို့ ပဲတင်ပို့မှုတိုးချဲ့လုပ်ဆောင်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုကန့်သတ် ဆောင်ရွက်ခြင်းက ကနေဒါနိုင်ငံရှိ ပဲအများဆုံးစိုက်ပျိုးသည့် Saskatchewan
ပြည်နယ်၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုပုံစံ(Cropping
pattern)ကို သိသာစွာသက်ရောက် ပြောင်းလဲစေခြင်းမရှိကြောင်း Saskatchewan ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Mr. David Marit က India Pulses Conclave 2020
ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။
လက်ရှိကာလ၌ Saskatchewan ပြည်နယ်ရှိ ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့သည့်လုပ်ငန်းများသည် စိုက်ပျိုး ထွက်ရှိမှု၏၁၀%ကိုသာ ကုန်ချောအဖြစ်ထုတ်လုပ်ရာမှ ဈေးကွက်လိုအပ်ချက်နှင့်အညီ လိုက်ပါနိုင်ရန် အတွက် ပဲကုန်ချောထုတ်လုပ်မှုကို ၅၀% အထိမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ ကနေဒါနိုင်ငံရှိ Saskatchewan ပြည်နယ်အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု ရှိရေးအတွက် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းနေရမှုအပေါ် ကာလရှည်တွင် ပဲမျိုးစုံကဏ္ဍမှ ကူညီပေးရန်ဆန္ဒရှိပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်မှုကို အထောက်အပံ့ပြုမည့် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးတစ်ခုအား ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် ပိုမို၍ပွင့်လင်းမြင်သာမှုရှိပြီး ကြောင်းကျိုးညီညွတ်မှုရှိသော ကုန်သွယ်မှုမူဝါဒချမှတ်ဆောင်ရွက်ခြင်းကို လိုလားမှုရှိကြောင်း သတင်း ရရှိပါသည်။
သတင်းအရင်းအမြစ် - မြန်မာသံရုံး၊ နယူးဒေလီမြို့

MITC News