၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှုမူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တန်ချိန် ၄ သိန်း သတ်မှတ်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရ၏ နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာများနှင့် သက်ဆိုင်မှု မရှိကြောင်း၊ ၃.၃.၂၀၂၀ နေ့၌ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန(DGFT)မှ ကုန်သွယ်ရေး အသိပေးချက် အမှတ် ၅၄/၂၀၁၉-၂၀ ဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အတွက် ၃၀.၄.၂၀၂၀ နေ့အထိ အချိန်တိုးမြှင့်
ထို့နောက် ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(DGFT)သည် ၁၉.၃.၂၀၂၀ နေ့တွင် ကုန်သွယ်ရေး အသိပေးချက်အမှတ် ၅၆/၂၀၁၉-၂၀ နှင့် ၅၇/၂၀၁၉-၂၀ တို့ကို ထပ်ဆင့်ထုတ်ပြန်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုသည့် အဆိုပါ မတ်ပဲ
တန်ချိန် ၄ သိန်းသည် ၁.၅.၂၀၂၀ နေ့မှ ၃၁.၃.၂၀၂၁ ရက်နေ့အတွင်းသာ တင်သွင်းရန်
အကျုံးဝင်ကြောင်း၊ ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်း DGFT ၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် ကိုတာလျောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ မတ်ပဲတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများသည် အိန္ဒိယနိုင်ငံရှိဆိပ်ကမ်းသို့ ၃၁.၃.၂၀၂၁ နေ့ အရောက် တင်သွင်းရမည်ဖြစ်ပြီး ၎င်းမတ်ပဲများ တင်သွင်းရန် အချိန်တိုးမြှင့်တောင်းခံခြင်းကို လက်ခံဆောင်ရွက်မည် မဟုတ်ကြောင်း သိရှိရပါသည်။
နေအေးလွင်
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့