ရန်ကုန်မြို့၊ကုန်သည်လမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာန(MITC)တွင် ၂၀၂၀ပြည့်နှစ်၊မတ်လ၂၄ရက်နေ့မှစ၍ COVID–19ကြောင့် ထိခိုက်မှုလျော့နည်း သက်သာစေရန်အတွက်ချက်ခြင်းအရေး ယူဆောင်ရွက်ပေးရေးလုပ်ငန်းကော်မတီ
Help Desk ကိုဖွင့်လှစ် ထားပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းများတွင် ကြုံတွေ့ရသော အခက်အခဲများကို ရုံးချိန်အတွင်း ဆောင်ရွက် ပေးလျက်ရှိပါသည်။
အဆိုပါလုပ်ငန်းကော်မတီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ အလုပ်ရုံနှင့်
အလုပ်သမား ဉပဒေစစ်ဆေးရေးဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနတို့မှ အရာထမ်းများက အောက်ပါကိစ္စရပ် များကို ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်-
(က) ဆိပ်ကမ်း/လေဆိပ်/နယ်စပ်များတွင်ပို့ကုန်/သွင်းကုန်ဆိုင်ရာ လတ်တလောဖြစ်ပေါ်
နေသည့် အခက်အခဲများကိုချက်ချင်း ဖြေရှင်းပေးရန်နှင့် သက်ဆိုင်ရာ
အကြီးအကဲ
များထံ ချက်ချင်းတင်ပြပြီး အဆုံးအဖြတ်ရယူဖြေရှင်းပေးရန်။
(ခ) CMP လုပ်ငန်းများအတွက် ကုန်ကြမ်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းမှု
အပါအဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများအတွက်
လက်တလော တွေ့ကြုံရသည့်
အခက်အခဲများကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးရန်။
(ဂ) အလုပ်သမားဆိုင်ရာ အခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်
ချက်ချင်းချိတ်ဆက်ညှိနှိုင်းပေးရန်။
(ဃ) ပို့ကုန်/သွင်းကုန်များအတွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်မှုနှင့်
Logisticဆိုင်ရာကိစ္စများတွင် အခက်အခဲများကြုံတွေ့ပါက သက်ဆိုင်ရာ အဖွဲ့အစည်း
များနှင့်ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးရန်။
COVID–19ကြောင့်ထိခိုက်မှု လျော့နည်းသက်သာစေရန်အတွက် ချက်ခြင်းအရေးယူဆောင်ရွက် ပေးရေးလုပ်ငန်းကော်မတီကို
၂၀၂၀ပြည့်နှစ်၊ မတ်လ၁၄ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော Coronavirus-2019 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)၏ဆုံးဖြတ်ချက်ဖြင့် ထိခိုက်မှုရှိသည့်လုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက်
ကုန်ကြမ်းပစ္စည်းများ ပြည်တွင်းသို့မြန်ဆန်သွက်လက်စွာ သယ်ယူ၍စက်ရုံများစောလျှင်စွာ
လည်ပတ်နိုင်ရေး၊ ပို့ကုန်/သွင်းကုန်ဆိုင်ရာကိစ္စများ၊ အလုပ်သမားရေးရာ ကိစ္စများအပါအဝင် ချက်ချင်းအရေးယူဆောင်ရွက် ပေးရမည့်ကိစ္စများကို
အချိန်နှင့်တပြေးညီ ဆောင်ရွက် နိုင်ရေးတို့အတွက် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းသတင်းရရှိပါသည်။
MITC News