COVID -19 ကြောင့် ရောဂါကူးစက်မှုလျှော့ချနိုင်ရန်နှင့် ရောဂါကူးဆက်မှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသည် ၁-၄-၂၀၂၀ မှ စတင်၍ ကုန်သွယ်မှုလုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံခြားသားများ အတွက် Business VISA သက်တမ်းတိုး ထောက်ခံချက် လျှောက်ထားမှုများကို MITC Website မှ လည်းကောင်း၊ လျှောက်ထားမှုနှင့် ပတ်သတ်သည့် Inquires မေးမြန်းမှုများကို MITC Website ၏ Chat Box၊
mitcmyantrade@gmail.comနှင့် ဖုန်းနံပါတ် - ၀၁-၃၈၅၃၂၃ တို့မှလည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ပါကြောင်းနှင့် Business VISA သက်တမ်းတိုးထောက်ခံချက်များကို လာရောက်ထုတ်ယူရန်မလိုဘဲ Email ဖြင့်ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
MITC News