COVID-19ရောဂါဖြစ်ပွားနေသောကာလအတွင်း ရောဂါကာကွယ်
တားဆီးရေးနှင့် ကုသရေးအတွက် လိုအပ်သောဆေးများ ပြည်ပမှဝယ်ယူတင်သွင်းရာတွင် အခက်အခဲများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး၀န်ကြီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံ နိုင်ကြောင်းသတင်းထုတ်ပြန် ထားပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်
ကုန်ပစ္စည်းများပြည်ပမှမှာယူ တင်သွင်း ရာတွင်လုပ်ငန်းလွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက်
လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်ပစ္စည်း စာရင်း(Negative List)ကို (၂၁-၅-၂၀၁၉)နေ့တွင်
ထုတ်ပြန်ပေးထားပြီး၊ http://www.commerce.gov.mm တွင်လည်းကြေငြာထားပြီးဖြစ်ပါသည်။
အဆိုပါ (Negative List) တွင် ပါဝင်ခြင်းမရှိပါကသွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုဘဲတင်သွင်းခွင့်ပြု ထားပြီးဖြစ်ပါသည်။
COVID-19 ရောဂါကာကွယ်တားဆီး ရေးအတွက်
အဓိကလိုအပ်သော Surgical Mask (HS–6307904000)၊ PPE (HS-6211439000, 392693900) တို့ကိုလည်းကောင်း၊
လူနာကုတင်၊ ဆေးရုံသုံးအသက်ရှုစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကိုလည်းကောင်း၊
သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲတင်သွင်းခွင့်ပြုထားပြီး ဖြစ်ပါသည်။
ကျန်ရှိသောဆေးဝါးများ၊ ဆေးပစ္စည်းများကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင်ခွင့်ပြု ထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပြီး၊
သွင်းကုန်လိုင်စင် လိုအပ်သောဆေးပစ္စည်းများ လျင်မြန်စွာတင်သွင်းနိုင်ရေး Fully
Online စနစ်ဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားမှုအား (၁.၄.၂၀၂၀) ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၎င်းအပြင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်တွင်
တည်ရှိသော Myanmar International Trade Centre တွင် COVID-19ကြောင့်
ထိခိုက်မှုရှိသည့် လုပ်ငန်းများထိခိုက်မှု လျော့နည်းသက်သာရေးအတွက်
ချက်ချင်း အရေးယူဆောင်ရွက်ပေးရမည့်ကိစ္စများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်
သက်ဆိုင်ရာဌာန ဆိုင်ရာများပါဝင်သည့် Help Desk ကိုနေ့စဉ်ဖွင့်လှစ်၍
ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်ပမှ ဆေးဝါးနှင့်ဆေးပစ္စည်းများလှူဒါန်းလိုမှုအတွက် လွယ်ကူစွာတင်သွင်းနိုင်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး၊ လိုအပ်သော တင်သွင်းခွင့်ထောက်ခံ ချက်များဖြေလျော့ ဆောင်ရွက်ပေးလျက် ရှိပါသည်။
လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းနှင့် ပတ်သက်သည့်ကိစ္စရပ်များကိုလည်းကောင်း၊ တင်သွင်းလိုသည့် ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရန်
လိုအပ်မှုရှိ/မရှိကို လည်းကောင်း၊ ကုန်သွယ်ရေး ဦးစီးဌာနသို့ အောက်ပါဖုန်းနံပါတ်များအတိုင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာ အပ်ပါသည်
-
နေပြည်တော်
ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ ညွှန်ကြားရေးမှူး ၀၆၇- ၃၄၀၈၀၁၄
ဒုတိယညွှန်ကြားရေးမှူး ၀၆၇-၃၄၀၈၄၈၇
ရန်ကုန်
ပို့ကုန်သွင်းကုန်ရုံး ညွှန်ကြားရေးမှူး ၀၁- ၈၃၇၂၇၁၈
ဒုတိယညွှန်ကြားရေးမှူး ၀၁-၈၂၄၅၈၅၅
COVID-19 Business Help DesK ၀၁-၈၃၇၇၁၀၁
၀၁-၈၃၇၇၁၀၇
MITC
MITC