သီရိလင်္ကာနိုင်ငံအစိုးရက မြန်မာနိုင်ငံထွက်အခြေခံ စားသောက်ကုန်စည်များ ဝယ်ယူလိုပါကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာသံရုံးမှ
နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ညှိနှိုင်းမေတ္တာရပ်ခံလာပါသည်။ သီရိလင်္ကာနိုင်ငံမှ ဖော်ပြပါ
အခြေခံစားသောက်ကုန်စည်များ ဝယ်ယူတင်သွင်းလိုပါသည်-
(က) Red Lentil split (Dhal) (ပဲနီကလေး)
( ခ ) Big Onion (ကြက်သွန်နီ)
( ဂ ) Canned Fish (ငါးသတ္တာ)
(ဃ) Coriander (နံနံပင်)
( င ) Garlic (ကြက်သွန်ဖြူ)
( စ ) Moong Dhal (ပဲတီစိမ်း)
(ဆ) Sprats (ငါးပြား)
( ဇ ) Dried Chilly (ငရုတ်သီးခြောက်)
( ဈ ) Cowpea
(ည) Chickpea (ကုလားပဲ)
သို့ပါ၍စိတ်ပါ၀င်စားသည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်
ဆက်သွယ်ဆောင်ရွက်နိုင်မည့် ကုမ္ပဏီ၏အသေးစိတ် အချက်အလက်များအား
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန mitc@myantrade.gov.mm
သို့ ပေပို့နိုင်ကြောင်း သတင်းရရှိပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန