11.4.20



        နိုင်ငံအသီးသီးတွင် COVID -19 ရောဂါဖြစ်ပွားနေသဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ယာယီ တားဆီးထိန်းသိမ်း ထားသာကြောင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန် ကိစ္စများ ဆောင်ရွက် ရာတွင် တင်ပြရန်လိုအပ်သော Commercial Documents မူရင်း (Original) တင်ပြရန် အခက်အခဲ များကို ကြုံတွေ့နေကြရပါသည်။


         အဆိုပါအခက်အခဲကို အကောက်အခွန်ဦးစီးဌာနအနေဖြင့် အောက်ပါအတိုင်း ဖြေလျှော့ ပေးသွားမည် ဖြစ်သည်-
        (က) Commercial Documents များဖြစ်သည့် CO form ၊ BL ၊ Invoice ၊ Packing List တို့ကို  
               Colour    Print ဖြင့်ထုတ်ယူ တင်ပြရန်။ပစ္စည်းများထုတ်ယူသည့်နေ့မှ ၁ လအတွင်း/ 
               လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲ ချိန်တွင် မူရင်းစာရွက်စာတမ်းများပြန်လည်တင်ပြရန်။  
              မတင်ပြနိုင်ပါက ရရှိထားသော အခွန်သက်သာခွင့် များကို ပြန်လည်ပေးသွင်းမည်ဖြစ်ကြောင်း 
              ကတိခံဝန်ချက်နှင့်အတူလျှောက်ထား ရမည်။
      ( ခ ) မူရင်း BL အား Surrender ပြုလုပ်ခြင်းဖြစ်ပါက Surrender မလုပ်မီ ယင်း BL ၏ Scan Copy  
             အား eicd.mcd@gmail.com သို့ ပေးပို့ရမည်ဖြစ်ပြီး Surrender BLနှင့်အတူ DO အား ပူးတွဲ     
             တင်ပြ ရမည်။
      ( ဂ ) မူရင်း BL ထုတ်ယူခြင်းမပြုဘဲ Surrender ပြုလုပ်ခြင်းဖြစ်ပါက အဆိုပါ Surrender BL နှင့် အတူ 
             DO အားပူးတွဲ တင်ပြရမည်။
    (ဃ) မူရင်း BL အား Original ထုတ်ယူခဲ့ပြီး စာရွက်စာတမ်းပေးပို့ရန် ကြန့်ကြာမှုကြောင့် Surrender 
           ပြုလုပ်ခြင်းမရှိပါက အဆိုပါမူရင်း Original BL ၏ Scan Copyအား eicd.mcd@gmail.com သို့ 
           ပေးပို့ ရမည်ဖြစ်ပြီး အဆိုပါ BL၏ Scan Copy နှင့် DO အား ပူးတွဲတင်ပြရမည်။
    ( င ) Forwarder အသုံးပြု ဆောင်ရွက်သည့်ကိစ္စများတွင် DO တွင်ပါရှိသော BL ၏ Scan Copy အား 
           eicd.mcd@gmail.com သို့ ပေးပို့ရမည်ဖြစ်ပြီး Original Scan Copy သို့မဟုတ် Telex Release   
           Scan Copy တို့နှင့်အတူ DO ပူးတွဲတင်ပြရမည်။
   ( စ) သွင်းကုန်ကြေညာလွှာပါ Notes နှင့် Item No.1 ၏ Item Name ဖော်ပြချက်နောက်တွင်  
         Provisional Assessment COVID ဟူ၍ ထည့်သွင်ကြေညာရမည်။
         တင်ပြရမည့်စာရွက်စာတမ်းများ စိစစ်မှန်ကန်ပါက အကောက်အခွန်လျော့နှုန်း ခံစားခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း မူရင်းစာရွက်စာတမ်းများ ပြန်လည်တင်ပြနိုင်ခြင်းမရှိပါက အကျိုးအကြောင်း ခိုင်လုံစွာ အချိန်ကာလတိုးမြှင့်ခွင့် လျှောက်ထားနိုင်သည်။ သတ်မှတ်ကာလအတွင်း မူရင်းစာရွက် စာတမ်းများ တင်ပြနိုင်ခြင်းမရှိပါက လျှော့နည်းခံစားထားသည့် အခွန်အခများကို ပြန်လည်ကောက်ခံ သွားမည်ဖြစ်ပြီး ၁.၄.၂၀၂၀ ရက်နေ့မှ ၃၀.၄.၂၀၂၀ ရက်နေ့အထိ အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။



မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC)

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">