12.4.20



    ကိုရီးယားသမ္မတနိုင်ငံရှိထိပ်တန်းဘဏ်များသည် ပြည်ပရှိအလားအလာကောင်းသောနိုင်ငံများ၏ ဘဏ်စျေးကွက်များသို့ ချဲ့ထွင်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိကြရာ၊ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း များဆောင်ရွက်ခွင့်ရရှိရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လျှောက်ထားယှဉ်ပြိုင် ခဲ့ကြပြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၉-၄-၂၀၂၀ ရက်နေ့တွင် တတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဆောင်ရွက်ခွင့်လိုင်စင်များခွင့်ပြုမှုကြေညာချက်အရကိုရီးယား၊ ဟောင်ကောင်၊ ထိုင်း၊ ထိုင်ဝမ် အခြေစိုက် နိုင်ငံခြားဘဏ်ကြီး ၇ ခုကိုခွင့်ပြုခဲ့ပါသည်။

                                 

        ၎င်းဘဏ်ကြီး ၇ ခုအနက် တောင်ကိုရီးယားအခြေစိုက် Industrial Bank of Korea (IBK) နှင့် KB Kookmin Bank တို့သည် Subsidiary License ဖြင့်လည်းကောင်း၊ Korea Development Bank (KDB)သည် Branch License ဖြင့်လည်းကောင်းဘဏ်လုပ်ငန်းများလုပ်ကိုင်ခွင့်အတွက် ပဏာမခွင့်ပြုခြင်း Preliminary Approval ကိုရရှိအောင်မြင်ခဲ့ကြပါသည်။ အဆိုပါဘဏ်များသည် ကိုရီးယားသမ္မတနိုင်ငံ၏ ထိပ်တန်းဘဏ်များဖြစ်ပြီး၊ IBK ဘဏ်သည် သမ္မတမှတိုက်ရိုက်ကွပ်ကဲမှုရှိသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအားပံ့ပိုးပေးလျက်ရှိသည့်ဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အတူ KB Kookmin Bank သည်လည်းထိပ်တန်းဘဏ်တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍အစဉ်တစ်စိုက်ဆောင်ရွက်ခဲ့သည့် ဘဏ်တစ်ခု ဖြစ်ပါသည်။
       ၁၀-၄-၂၀၂၀ ရက်နေ့တွင် IBK ဘဏ်မှ Executive Vice President ဖြစ်သူ Mr. Choe Sung-Jae ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် KB Kookmin Bank ဘဏ်မှ Senior Managing Director ဖြစ်သူ Mr. Chang Su Choi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီး ဦးသန့်စင်ထံသို့လာရောက် ဂါရဝပြုတွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးလျက် လမ်းညွှန်မှုခံယူခဲ့ကြပါသည်။
      သံအမတ်ကြီးမှ အဆိုပါဘဏ်များ၏သက်ဆိုင်ရာအကြီးတန်းအုပ်ချုပ်သူများနှင့် ၁၀-၄-၂၀၂၀ ရက်နေ့၌ တွေ့ဆုံခဲ့သည့်အစည်းအဝေးများတွင် ယခုကဲ့သို့ မြန်မာနိုင်ငံတွင် Subsidiary License ဖြင့်ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပဏာမခွင့်ပြုချက် Preliminary Approval ကိုရရှိခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် နိုင်ငံခြားဘဏ် ၇ ခုအနက် ကိုရီးယားသမ္မတနိုင်ငံမှ ဘဏ် ၃ ခု ရွေးချယ်ခြင်းခံရသည့်အတွက် ကိုရီးယားတစ်နိုင်ငံတည်းမှရွေးချယ်ခံရခြင်းသည် ၄၃ ရာခိုင်နှုန်းဖြစ်၍ အထူးဝမ်းမြောက်မိပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့် ပဏာမခွင့်ပြုချက် ရရှိထားသည့် ၉ လတာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်၊ စီမံကိန်းများကို စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော်ရန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဘဏ္ဍာရေးဆိုင်ရာလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကိုတိကျစွာလိုက်နာလျက် မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းကဏ္ဍကို နိုင်ငံတကာအဆင့်မီစွာ ပိုမိုတိုးတက်အောင်မြင်စေရေး ပူးပေါင်းဆောင်ရွက်သွားကြရန် အကြံပြုဆွေးနွေးခဲ့ပါသည်။
       ထို့အပြင် သံအမတ်ကြီးသည် သက်ဆိုင်ရာဘဏ်များ၏ မြန်မာနိုင်ငံတွင်လက်ရှိဆောင်ရွက်လျက် ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကူညီပံ့ပိုးမှုများကိုအသိအမှတ်ပြုပါကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သောမြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအရာထမ်းများသို့ ပညာတော်သင်ဆုများ ပံ့ပိုးပေးရန်၊ ယခုနှစ်မှစ၍ EPS စနစ်ဖြင့် မြန်မာနိုင်ငံမှလုပ်သားများ ကိုရီးယား သမ္မတနိုင်ငံသို့ ပိုမိုလာရောက်တော့မည်ဖြစ်၍ ဘဏ်ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်၍ လွယ်ကူချောမွေ့စေရေးဆောင်ရွက်ပေးရန်၊ ဘွဲ့ရပညာတတ် မြန်မာလူမျိုးများအားဘဏ်များတွင် အလုပ်ပိုမို ခန့်ထားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေး ဆောင်ရွက်ပေးရန်နှင့် လက်ရှိကာလအတွင်း COVID-19ကာကွယ် ကုသရေးပစ္စည်းများကို တတ်စွမ်းသရွေ့မြန်မာနိုင်ငံသို့လှူဒါန်း နိုင်ရေးဖိတ်ခေါ် ခဲ့ပါသည်။
      ယခုကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အများဆုံးပြုလုပ်လျက်ရှိကြသည့် တောင်ကိုရီးယားထိပ်တန်း ဘဏ်များမှ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိလာခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုမိုတိုးတက်လာမည့်အပြင်၊ ဘဏ်လုပ်ငန်းများ နိုင်ငံတကာအဆင့်မီ ပိုမိုတိုးတက်လာနိုင်ခြင်း၊ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ငွေကြေးဆိုင်ရာချိတ်ဆက်မှုများ ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်သဖြင့် ပို့ကုန်/သွင်းကုန် ကုန်သွယ်ရေး လုပ်ငန်းများနှင့်စီးပွားရေးတိုးတက်မှုတို့အတွက် အထောက်အပံ့ကောင်းဖြစ်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိလာမည်ဖြစ်ခြင်း၊ ပြည်တွင်းပြည်ပဘဏ်များအကြားတွင် ကောင်းမွန်သော ယှဉ်ပြိုင်မှုဖြင့် ဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိ လာတော့မည် ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

                                                                                        ဝင်းပပသူ၊ စီးပွားရေးသံမှူး (ကိုရီးယား)

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">