စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်
ပြည်သူ့ကျန်းမာရေးတိုးတက်မြင့်မားမှုကို အထောက်အကူ ပြုရေး၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများကို
ဈေးနှုန်းသက်သာ စွာဖြင့်ဝယ်ယူနိုင်ရေး၊ ပြည်တွင်း ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း များကို
အားပေးမြှင့်တင်နိုင်ရေးနှင့် ကမ္ဘာနှင့်တစ်ဝှမ်း ဖြစ်ပေါ် လျှက်
ရှိသည့်
Coronavirus Disease 2019 (COVID-19)ကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှုလျော့နည်း
သက်သာ စေရေးအတွက် ဆေးဝါးများနှင့်ဆေးဝါးများ ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆေးဝါးကုန်ကြမ်း များအားလုံးအပေါ် ၁၁-၄-၂၀၂၀ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC)