အိန္ဒိယအစိုးရသည်
ပြည်တွင်း၌နေ့စဉ်နှင့်အမျှကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ
ပိုမိုများပြား လာသဖြင့်လိုအပ် သောဆေးဝါးများနှင့် ဓါတ်ခွဲစမ်းသပ်ရေးပစ္စည်းများ
ဖူလုံမှု ရှိစေရန်အတွက် အိန္ဒိယ အစိုးရသည် ၄.၄.၂၀၂၀
နေ့မှ စတင်၍ Hydroxy chloroquine
ပါဝင်သည့်ဆေးဝါးများ ပြည်ပတင်ပို့မှု ကိုအပြည့်အဝ
တားမြစ်ပိတ်ပင်ခဲ့ပြီးဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်း သုံးပစ္စည်းများအား
ကန့်သတ်တင်ပို့ ကုန်စည်များအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
သို့ရာတွင် အမေရိကန်သမ္မတ
ဒေါ်နယ်ထရန့် နှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များက အိန္ဒိယ ဝန်ကြီးချုပ်
နာရင်ဒရာမိုဒီထံ တောင်းဆိုမှုများ အရ အစိုးရသည် ဇီဝလှုံ့ဆော်မှုရှိသည့်APIsဆေးပစ္စည်း ၂၄ မျိုးကို ၆.၄.၂၀၂၀ နေ့တွင် ကန့်သတ်
တင်ပို့ကုန်စည်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။ ထို့အပြင် Paracetamol နှင့် Hydroxy chloroquine(HCQ)
ဆေးဝါးတို့ကို ကိစ္စရပ်အပေါ်မူတည်၍ သင့်တင့်သောပမာဏအား လိုင်စင် ရယူတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတင်းဌာနများ၏မေးမြန်းချက် အပေါ်ပြန်ကြားခဲ့သည်။
The Print သတင်းဌာန၏ဖေါ်ပြချက်အရ အိန္ဒိယအစိုးရသည်
တောင်အာရှဒေသပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့် အာဖရိကနှင့်လက်တင်အမေရိက ဒေသရှိနိုင်ငံအချို့သို့ လူသားချင်းစာနာမှု အကူအညီ အဖြစ် အဆိုပါဆေးဝါး
၂ မျိုးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်
ဆိုးရွားစွာကြုံတွေ့နေရသော ဥရောပဒေသနိုင်ငံများထံသို့မူ အသုတ်လိုက်ခွဲ၍
တင်ပို့ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၂၀ ကျော်သို့
အဆိုပါဆေးဝါးများအား တင်ပို့ခွင့်ပြုရာတွင် မတ်လလဆန်းပိုင်း၌ ရောင်းချပေးရန်
တောင်းဆိုခဲ့သည့်နိုင်ငံများသို့ ဦးစွာတင်ပို့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC)