ဗီယက်နမ်နိုင်ငံသည်
ပြည်တွင်းရိက္ခာဖူလုံရေး အတွက် ဆန်စပါးတင်ပို့မှုကို ယာယီပိတ်ပင် ထားသည်။ ထို့အပြင်
ပြန်လည်တင်ပို့မည့် သကြားတင်သွင်းမှုကို ထပ်တိုးအခွန်၊ အခြားကန့်သတ်ချက်များနှင့် ပြန်လည် တင်ပို့ ရမည့် ရက်ကို (၂၇၅)ရက်အထိ ကန့်သတ်ထားသည်။
လယ်ယာထွက်ကုန်ဈေးနှုန်းများမှာလည်း
လက်ရှိဖြစ်ပေါ်နေသော ဈေးကွက် မသေချာမှုများ ကြောင့် ဈေးနှုန်းမတည်ငြိမ်မှုဖြစ်ပေါ်လျက်ရှိသည်။
လယ်ယာထွက်ကုန်များ၏ ပို့ကုန်ဈေးနှုန်း မှာလည်း ဉရောပ၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်ပြည်ထောင်စုသို့
တင်ပို့ရန် အခက်အခဲများ ကြောင့် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိသည်။အမေရိကန်ပြည်ထောင်စုနှင့်
ဥရောပနိုင်ငံများမှ ကုန်မှာယူမှု ပယ်ဖျက်ခြင်းသည်လည်း ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ
ဖြစ်ပေါ်လျက်ရှိသည်။ ပင်လယ်ထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုသည် အများဆုံး သက်ရောက်မှုရှိပြီး၊
ပြည်တွင်းဈေးနှုန်းသည် တရုတ်ဈေးကွက်ကို အဓိက မှီခိုနေရသောကြောင့် အလျင်အမြန်ကျဆင်းလျက်ရှိသည်။
ငါးခူဈေးနှုန်း သည် ယမန်နှစ်က 1.26 USD/
kg မှ 0.77 USD/ kg အထိ ကျဆင်းလျက်ရှိသည်။
သစ်သီးဝလံဈေးကွက်မှာလည်း
နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကြီးမားစွာ ထိခိုက် လျက်ရှိပြီး၊ အဓိကအားဖြင့်
ဖရဲသီးနှင့် နဂါးမောက်သီးဈေးနှုန်းများ အနိမ့်ဆုံးဈေးနှုန်းထိ ကျဆင်းလျက်ရှိသည်။ နဂါးမောက်သီးဈေးနှုန်းသည်
1.28 USD / kg ကျော်အထိလည်းကောင်း၊ ဖရဲသီးနှင့် ငရုတ်ကောင်းဈေးနှုန်း သည် 0.85 USD/
kg အထိလည်းကောင်း ကျဆင်းလျက်ရှိသည်။ ဈေးကွက်ပြန်လည်တည်ငြိမ် ရေးမှာ တရုတ်နိုင်ငံ၏
သစ်သီးဝလံလိုအပ်ချက်နှင့် အခြေအနေတည်ငြိမ်မှုပေါ်တွင် မူတည်ပါသည်။
ဗီယက်နမ်နိုင်ငံ၏ အုန်းသီးဈေးနှုန်းမှာ
ပြည်တွင်းနှင့် ကမ္ဘာ့လိုအပ်ချက်ကြောင့် မြင့်တက်လျက်ရှိသည်။ ကော်ဖီပို့ကုန်ဈေးနှုန်းမှာလည်း
ဘရာဇီးနိုင်ငံ၏ ကော်ဖီတင်ပို့မှု ကျဆင်းခြင်းကြောင့် 1.34 USD/ kg သို့ မြင့်တက်လျက်ရှိသည်။
အမေရိကန်နိုင်ငံ၏ ပဲစားသုံးမှုမြင့်တက်လာခြင်းသည် ဗီယက်နမ် ပဲပို့ကုန်လုပ်ငန်း ရှင်များအတွက်
ပို့ကုန်တိုးမြှင့်ရေး အခွင့်အရေးတရပ်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် ကပ်ရောဂါကြောင့် ဆန်တင်ပို့မှုကို
ရပ်နားထားပြီး၊ အရေးပေါ် အစီအမံအဖြစ် ဆန် 190k metric tons တင်သွင်းရန် စီစဉ်လျက်ရှိသည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံသည် တရုတ် နိုင်ငံ၏ ဝက်သားတင်ပို့မှု ကန့်သတ်ချက်များကြောင့်
အမေရိကန်၊ ကနေဒါနှင့် ဘရာဇီးနိုင်ငံတို့မှ ဝက်သားပိုမို တင်သွင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန