ဟောင်ကောင်ဒေသတွင် Covid-19
ဖြစ်ပွားမှုကြောင့် လက်လီအရောင်းကဏ္ဍတွင် အလုပ်သမား (၁၀,၄၀၀၀)ဦး အလုပ်လက်မဲ့ဖြစ်ပြီး စတိုးဆိုင်(၅,၂၀၀)ဆိုင်ပိတ်နိုင်ကြောင်း၊
ဟောင်ကောင်လက်လီ အရောင်းဆိုင်စီမံခန့်ခွဲမှုမှအသင်း၏ အလုပ်သမား(၂၃)ရာခိုင်နှုန်း လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်း (၁၅၂) ခုအား ၃၂-၃-၂၀၂၀ ရက်နေ့မှ ၉-၄-၂၀၂၀
ရက်နေ့အတွင်း လေ့လာချက်မှသိရှိရသည်။ Covid-19 ကာလ အတွင်း ကုမ္ပဏီ(၉၆)ရာခိုင်နှုန်းမှာ ဆုံးရှုံးနိုင်ကြောင်း၊ အစိုးရ၏ပံ့ပိုးမှု ဟောင်ကောင်ဒေါ်လာ
(၁၃၇.၅) ဘီလီယံမှာ အလုပ်လက်မဲ့နှုန်းမြင့်တက်မှုအား နှေးကွေးစေနိုင်မှုသာဖြစ်နိုင်ကြောင်း၊
အစိုးရ၏ပံ့ပိုးမှု အစီအစဉ်မှာ ကာလတိုအတွက်သာဖြစ်နိုင်ပြီး စီးပွားရေး၊
လူမှုရေးလုပ်ငန်းများ ဆက်လက်ဆိုးရွားနေမည် ဆိုပါက လုပ်ငန်းများ ပိတ်သိမ်းရမည်ဖြစ်ကြောင်းဖော်ပြထားသည်။
လစာပံ့ပိုးမှုများပေးသော်လည်း ကော်မရှင်ဖြင့် ဝင်ငွေရရှိသော အရောင်းဝန်ထမ်းများ၏ လစာကို ကာမိမည်မဟုတ်ကြောင်း၊ အစိုးရမှလစာအတွက် ဟောင်ကောင်ဒေါ်လာ (၈၀)ဘီလီယံ ပံ့ပိုးသည့် အစီအစဉ်ဖြင့် အလုပ်သမားတစ်ဦးချင်းစီလျှင် တစ်လဟောင်ကောင်ဒေါ်လာ (၉,၀၀၀)အား (၆) လကြာ ထောက်ပံ့ပေးမှုတွင် ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမား(၁.၅)မီလီယံအတွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်လီရောင်းချမှုမှာ ဖေဖေါ်ဝါရီလတွင်(၄၄)ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း၊ လုပ်ငန်း (၈၉) ရာခိုင်နှုန်းမှာ ပြင်းထန်စွာ ထိခိုက်နိုင်ပြီး မေလတွင်အလုပ်သမားများအား လစာမဲ့ခွင့်ယူခြင်းနှင့်် အလုပ်မှထုတ်ပယ်ခြင်း တို့ဖြစ်နိုင်ကြောင်း၊ ဖေဖေါ်ဝါရီလမှ ဧပြီလအတွင်း အလုပ်သမားများ လုပ်ငန်းမှ ရပ်ဆိုင်းမှုမှာ(၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ လက်လီအရောင်းဆိုင်အလုပ်သမား (၂၆၀,၀၀၀)ဦးရှိရာ (၅,၂၀၀)ဦးမှာ (၃)လကျော် လျှင် လုပ်ငန်းမှရပ်နားရနိုင်ကြောင်းကနဦး လေ့လာချက်ကဖော်ပြထားသည်။

Covid-19 ဆက်လက်ဖြစ်ပွားနေလျှင်
နောက်ထပ် အလုပ်သမား(၂)ရာခိုင်နှုန်းဖြစ်သည့် (၅,၂၀၀) ဦးမှာ
မေလတွင် အလုပ်အကိုင်ဆုံးရှုံးနိုင်ကြောင်း၊ ဖေဖေါ်ဝါရီလမှ မေလအတွင်းဆိုင်(၅,၂၀၀)လည်း ပိတ်နိုင် ကြောင်း၊ လုပ်ငန်း(၃၇)ရာခိုင်နှုန်းမှ ပြောကြားရာတွင်
လုပ်ငန်းများအနေဖြင့်(၄)လထက်ပို၍
လုပ်ငန်း လည်ပတ်နိုင်ခြင်းမရှိကြောင်း၊ လုပ်ငန်း(၂၀)ရာခိုင်နှုန်းမှ ပြောကြားရာတွင်(၈)လထိသာ
လုပ်ငန်းလည်ပတ် နိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်တွင် လက်လီအရောင်းဆိုင် (၆၂,၄၀၀)ဆိုင်ရှိရာ ဆိုင်(၆,၆၀၀)မှာ မေလနှင့်
ဩဂုတ်လအတွင်း ပိတ်သိမ်းနိုင်ကြောင်း၊ (၈,၆၀၀)ဆိုင်မှာ
စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပိတ်သိမ်းရနိုင်ကြောင်း လာမည့်လေးလတာကာလမှာ
အရေးကြီးသည့် အချိန်ဖြစ်ကြောင်း ဧပြီလ(၁၆) ရက်နေ့ထုတ် South
China Morning Post သတင်းစာ၌ ရေးသားဖော်ပြထားပါသည်။
Source: စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန