7.9.20


     အာဆီယံ-ကိုရီးယားစင်တာသည် Maekyung Media Group နှင့် ပူးပေါင်း၍ ASEAN Entrepreneur Award ကို ၂၀၁၆ ခုနှစ်မှ စတင်ကာ ASEAN ဒေသတွင်းရှိထူးခွန် ထက်မြက်သော စီးပွားရေးလုပ်ငန်းရှင်များကို ပေးအပ်ချီးမြှင့် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ အတွင်း ကျင်းပမည့် 21st World Knowledge Forum ၌ Regional Champion ၊ Entrepreneurs 4.0 ၊ Empowering  Women ၊ Up-and –coming Startups နှင့် Scale-ups The  Next unicorns ကဏ္ဍ(၅)ခုတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် အာဆီယံ-ကိုရီးယားစင်တာမှ ဖိတ်ကြားခဲ့ပါသည်။   

 

     အဆိုပါ ဖိတ်ကြားမှုအပေါ် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသည် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် KBZ Group of Companies တို့သို့ပါဝင်နိုင်ရန် အကြောင်းကြားခဲ့ပြီး ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၊ အာဆီယံ-ကိုရီးယားစင်တာတို့နှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။

          မြန်မာနိုင်ငံအနေဖြင့် Regional Champion ၊ Entrepreneurs 4.0 ၊ Empowering  Women နှင့် Up-and–coming Startups ၊ Regional Champion ၊ Entrepreneurs 4.0 နှင့် Empowering  Women ကဏ္ဍတို့တွင်  အာဆီယံ(၁၀)နိုင်ငံမှ လုပ်ငန်းရှင်များနှင့်အတူ ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ပါသည်။

           5th ASEAN Entrepreneur Award 2020 အတွက် မြန်မာနိုင်ငံမှ ဒေါ်နန်းခမ်းနောင့် (Deputy CEO ၊ KBZ Group of Companies)သည် Empowering women ကဏ္ဍတွက် ရွေးချယ်ခြင်းခံခဲ့ရပြီး၊ ဆုပေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆိုးလ်မြို့ Shilla Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲအခမ်းအနားကို COVID-19 ဆိုင်ရာ ကန့်သတ်ချက် အခြေအနေများကြောင့် ASEAN Entrepreneur Award ဆုရှင်များကို တောင်ကိုရီးယားသို့ ဖိတ်ကြားခြင်းမပြုနိုင်ဘဲ သက်ဆိုင်ရာအာဆီယံသံရုံးများမှကိုယ်စား တက်ရောက်၍ လက်ခံရယူ ပေးရမည်ဖြစ်ပြီး ဆုရရှိသူများအနေဖြင့်  Video Message အားကြိုတင် ပေးပို့၍ Online မှ တက်ရောက်ရမည်ဖြစ်ပါကြောင်း ASEAN-Korea Center   (AKC) မှသိရှိရပါသည်။

        အဆိုပါ 5th ASEAN Entrepreneur Award တွင် အာဆီယံ (၁၀) နိုင်ငံမှ လုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်နိုင်ငံတို့မှ လုပ်ငန်းရှင် (၃) ဦးရွေးချယ် ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                     MITC News

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">