မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(Myantrade)သည် အဆင့်မြင့် လုပ်ဆောင်ချက်များ၊ Function များနှင့်စုံလင်သည့် အကြောင်းအရာများ ပါဝင်သောဌာနဆိုင်ရာ ဝက်ဘ်ဆိုက် အသစ် (www.myantrade. gov.mm)ကို(၂၁-၁၀-၂၀၂၀) ရက်နေ့တွင် စတင်လွှင့်တင်ခဲ့ပြီဖြစ်ပါသည်။ ဤဝက်ဘ်ဆိုက် အသစ်သည် မိမိတို့၏စီးပွားရေး လုပ်ငန်းများကို နိုင်ငံတကာ ဈေးကွက်များသို့ တိုးချဲ့လိုသောအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံမှကုန်ပစ္စည်းများကိုဝယ်ယူပြီး ဝန်ဆောင်မှုများကိုရယူလိုသော နိုင်ငံတကာမှ ဝယ်ယူသူများအတွက်အရေးပါသည့် သတင်းအချက်အလက် ရင်းမြစ်တစ်ခုဖြစ်လာမည် ဖြစ်သည်။ ဝက်ဘ်ဆိုက်အသစ်တွင် မြန်မာကုမ္ပဏီများသည် ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ၊ အချိန်နှင့်တစ်ပြေးညီ တစ်စုတစ်ဝေးတည်းရရှိလေ့လာနိုင်မည်ဖြစ်ပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကုမ္ပဏီများသည်အရည်အသွေးပြည့်ဝသော ကုန်သွယ်မှုဆိုင်ရာ သတင်းအချက် အလက်များကို အွန်လိုင်းမှတဆင့်ရယူခြင်းဖြင့် မိမိတို့စီးပွားရေးလုပ်ငန်းအတွက် ပြန်လည်ကုစားမှု အစီအစဉ်များနှင့် ဈေးကွက်ချဲ့ထွင်ရေးကို အလွယ်တကူနှင့်ဘေးကင်းစွာ စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
MITC News